ပူတာအိုခရိုင် ကေအိုင်အိုရုံး ထုတ်ပြန်ချက်။

 ပူတာအိုခရိုင် ကေအိုင်အိုရုံး ထုတ်ပြန်ချက်


        ကချင်ပြည်နယ် ပူတာအိုခရိုင် ကေအိုင်အို အစိုးရရုံးက အချက် ၄ ချက်ပါတဲ့ သတိပေးစာတစ်စောင် ကို ယနေ့ ဇန်နဝါရီလ ၃၀ ရက် နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။သတိပေး ထုတ်ပြန်ချက်တွင်.....

၁။ မူးယစ်ဆေးဝါးများ သယ်ဆောင်ခြင်း ရောင်းဝယ် ဖောက်ကား သုံးစွဲခြင်း နှင့် စိုက်ပျိုးခြင်းလုံးဝ မလုပ်ရန်
၂။ မြစ်ကြီးနား ခရိုင်ရုံးမှ ပိတ်ပင်ထားသော Myanmar Beer, Dagon Beer နှင့် စစ်ကောင်စီနှင့် ပတ်သက်သော         ပစ္စည်းများသယ်ဆောင်ခြင်း၊ ပူတာအိုမြို့တွင်း ရောင်းချခြင်းများ မပြုလုပ်ရန်။
၃။ စစ်ရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများ၏ ခွင့်ပြုချက်မရှိသော လယ်ယာမြေ၊ ဥယျာဉ် ခြံမြေများတွင်
    ရွှေတူးဖော်ခြင်းလုံးဝ မပြုလုပ်ရန်။
၄။ ပူတာအို ပြည်သူ့ကာကွယ်ရေးတပ် မှ ထုတ်ပြန်ထားသည့်အတိုင်း မြစ်ကြီးနား-ဆွမ်ပယာဘွမ်- ပူတာအိုကားလမ်းအတွင်းညနေ ၅ နာရီမှ မနက် ၆ နာရီအတွင်း​ဖြတ်သန်းသွားလာခြင်းမပြု ရန် ထပ်မံသတိပေးထား ကြောင်းနှင့်ဖြတ်သန်းသွားလာပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း တို့ ပါရှိပါသည်။

        ပူတာအိုခရိုင် ကေအိုင်အိုအစိုးရ ရုံးမှ သတိပေးစာထုတ်ပြန်သည့် နေ့ရက်မှ စ၍ လေးစားလိုက်နာခြင်းမရှိသည့် လူပဂ္ဂိုလ် နှင့် အဖွဲ့အစည်းများအား ဖြစ်ပေါ်လာမည့် မည်သည့်ပြဿနာကိုမဆို ကေအိုင်အိုမှ တာဝန်ယူမည် မဟုတ်ကြောင်းသတိပေးထားသည်။

The 7Stars News

Post a Comment

0 Comments