Silent Strike ကို ပိတ်ပင်သော မူဆယ်မြို့ စည်ပင်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

 Silent Strike ကို ပိတ်ပင်သော မူဆယ်မြို့ စည်ပင်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ


        ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ စည်ပင်သာယာရေးရုံး မိုင်းခွဲခံခဲ့ရကာ ရုံးစာရေးအမျိုးသမီး နှစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ကြောင်း သတင်းရရှိသည်။

        ယနေ့ နံနက်ပိုင်းတွင် မူဆယ်မြို့ စည်ပင် ကခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ ဈေးဆိုင်တွေ မပိတ်ဖို့၊ ဈေးရောင်းကြဖို့ ခြိမ်းခြောက်ခြင်းကြောင့် စည်ပင်ရုံးကို ဗုံးခွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက 7stars News ကို ပြောသည်။


 "ဒီနေ့က တစ်နိုင်ငံလုံး အသံတိတ် သပိတ်နေ့လေ။ ဒါကို သိသိနဲ့ ခိုင်လုံတဲ့အကြောင်းပြချက်မရှိပဲ ဈေးဆိုင်တွေပိတ်ရင် ဈေးကိုတစ်လထိ ယာယီပိတ်မယ် ဆိုပြီး ခြိမ်းခြောက်ကြေညာတာတွေလုပ်တယ်။ ဒါကြောင့်စည်ပင်ရုံး ဗုံးခွဲခံရတာ။ စာရေးမ ဝန်ထမ်း ၂ ဦးတော့ ဒဏ်ရာ ရတယ်လို့ ပြောတာပဲ။"  ဟု ဆိုသည်။

        မူဆယ်မြို့ စည်ပင်ရုံးကို လက်ပစ်ဗုံးဖြင့်သွားရောက် ဖောက်ခွဲတာဖြစ်ပြီး ပြည်သူ့လုံခြုံရေး နှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA)က လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


The 7Stars News

Post a Comment

0 Comments