မုံးကိုးမြို့ အနီးတွင်MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲလွန်စွာပြင်းထန်၊ ပြည်သူများ အသက်ဆုံးရှုံး

 မုံးကိုးမြို့ အနီးတွင်MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲလွန်စွာပြင်းထန်၊ ပြည်သူများ

သက်ဆုံးရှုံး


        ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်မန်းယန်ရွာ နှင့် ဘန်မွေးရွာကြားတွင်ယနေ့ နံနက် ၅ နာရီခွဲမှ စ၍ MNDAA နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုမှာ၅ လအတွင်း အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက 7stars News ကို ပြောသည်။

"ဒီမနက် တိုက်ပွဲဖြစ်တာ အတော်ပြင်းတယ်။နှစ်ဘက် စလုံးက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မရပ်မနားပစ်တယ်။ ဒီ ၅ လ တွင်း အပြင်းထန်ဆုံး တိုက်ပွဲပဲလို့ မြင်တယ်။"ဟု ဆိုသည်။

        ထို့အပြင် ကိုးကန့် (MNDAA) တပ်ဘက်က ဖောင်းဆိုင်ဆုတောင်းတောင် မှနေ၍ ပစ်ခတ်လိုက်သောလက်နက် ကြီးကျည်မှာ ဖောင်းဆိုင်ရွာထဲကျရောက်ပေါက်ကွဲပြီး ပြည်သူ တစ်ဦးအသက်ဆုံးရှုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရပြင်းထန် စွာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက 7stars News ကို ယခုလို ပြောဆိုသည်။

"MNDAA တွေက ဖောင်းဆိုင် ခရစ်ယာန်ဆုတောင်းတောင်မှာ စခန်းချ နေထိုင်တာကြာပြီ။ ဒီမနက်တိုက်ပွဲ ဖြစ်တော့ သူတို့ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ဖောင်းဆိုင်ရွာ ထဲကျကွဲတယ်။အသက် ၆၀ အရွယ်ရှိတဲ့ ဦးယီမင်ကန်းက လက်နက်ကြီးကျည်ထိမှန်လို့ နေရာမှာပဲ သေဆုံးသွားတယ်။

ပြီးတော့ ဦးဖုတ်ဂျောင်ခေါင်ဟောင်း ကဝမ်းဗိုက်မှာ ကျည်စထိမှန်တယ်။ ခုဆေးရုံမှာကျည်စတွေ ခွဲထုတ်နေတယ်။ စိုးရိမ်ရတဲ့ခြေအနေပါ။ ကလေးတစ်ယောက်လည်းဒဏ်ရာ အတော်ပြင်းပြင်းရသွားတယ်။ ”ဟု ပြောဆိုသည်။

        ၅ နာရီကြာမျှ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ၁၁ နာရီအချိန်ခန့်တွေ ပစ်ခတ်မှု ရက်တန့် သွားကြောင်းသိရသည်။ နှစ်ဖက် အကျအဆုံး သတင်းကိုမူအတည်ပြုနိုင်ခြင်း မရှိသေးပေ။

        ကိုးကန့် (MNDAA ) တပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ မုံးကိုး ဖောင်းဆိုင် အနီးတွင် တိုပ်ပွဲ ဖြစ်ပွားနေသည်မှာ
၅ လမျှ ရှိပြီ ဖြစ်သည်။

The 7Stars News

Post a Comment

0 Comments