ကညှင်းမြိုင် တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

 ကညှင်းမြိုင် တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်


        ကချင်ပြည်နယ် မိုးညှင်း နှင့် ဆားမှော်ကြားရှိခမရ ၃၈၄ တပ်စခန်းကို ယနေ့နံနက် ၃ နာရီအချိန်တွင် KIA တပ်မဟာ ၉ လက်အောက် တပ်ရင်း ၄၄ တပ်ဖွဲ့တို့ ရှောင်တခင် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။
        နံနက် ၃ နာရီ မှ ၄ နာရီခွဲအထိ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ တပ်စခန်းကို သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း KIA နှင့် နီးစပ်သူ တစ်ဦးက 7stars News ကို ပြောသည်။

"လက်နက် ကြီးသံတွေ အရင်ကြားရတယ်။ပြီးမှ လက်နက်ငယ်တွေနဲ့ အပြင်းအထန် တိုက်ကြတာ။ နှစ်ဖက် ပစ်ခတ်သံတွေကြားနေရတယ်။ မနက် ၃ နာရီ ကတည်းက ပစ်နေကြတာ ၃ နာရီခွဲမှာတော့ အဲ့ဒီကညှင်းမြိုင် တပ်စခန်းကို KIA တွေ သိမ်းလိုက်ပြီ ဆိုတဲ့ သတင်းကြားရတယ်။” ဟုဆိုသည်။

        ကညှင်းမြိုင် စစ်ကောင်စီ တပ်စခန်းကို KIA တို့ တိုက်ခိုက်သိမ်းပိုက် ခဲ့ပြီးနောက်ယနေ့ နံနက် ၅ နာရီအချိန်တွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

        ကညှင်းမြိုင် စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံး အမြောက်အမြား ရှိခဲ့သည်ဟု ကြားသိရသော်လည်း ထိခိုက်ကျဆုံးမှု အသေးစိတ်အချက်အလက်တွေကို 7stars News မှအတည်ပြုနိုင်ခြင်း မရှိသေးပေ။

The 7Stars News

Post a Comment

0 Comments