ကွတ်ခိုင်မြို့ အနီးတွင် KIA နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတို့ အထိနာ

 ကွတ်ခိုင်မြို့ အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတို့ အထိနာ


        ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ အနီးလော့မွန်၊ ဘန်ဂူ နှင့် မန်အိုင် ရွာနီးစပ်အရှေ့ခြမ်းဘက်တွင် KIA နှင့် စစ်ကောင်စီတပ်တို့ ယနေ့နံနက်ပိုင်း ၉ နာရီအချိန်မှ၁၀ နာရီအချိန်ထိ တစ်နာရီကြာမျှ အပြန်
အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိသည်။



        အင်အား ၈၀ ကျော်မျှရှိသည့် စစ်ကောင်စီစစ်ကြောင်းကို KIA တို့ ပိတ်ဆို့ တိုက်ခိုက်
ရာမှ တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်ကြောင်းအမည်မဖော်လိုသူ တစ်ဦးက 7Stars Newsကိုပြောသည်။

"၉ နာရီလောက်ကတည်းက လော့မွန်ရွာအထွက်မှာ တိုက်ပွဲဖြစ်နေတာ ၁၀ နာရီကျော်အထိ ဖြစ်တယ်။ စစ်ကောင်စီတပ်ဘက်မှာ အင်အား ၈၀ ကျော်လောက်ရှိတယ်။KIA တွေက မနေ့ညကတည်းက နယ်ကျွံလာတဲ့ အဲ့ဒီ စစ်ကောင်စီ တပ်တွေကို ဝိုင်းဝန်း ပိတ်ဆို့နေတာလို့ပြောတယ်။ရွာထဲက ပြည်သူ တွေကတော့ ကြောက်နေကြတာပေါ့။ ရွာထဲ လက်နက်ကြီးကျည်တွေကျကွဲမှာ စိုးရိမ်နေကြတာ။” ဟု ဆိုသည်။

        တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုတွေရှိပြီး ဒဏ်ရာရရှိသူလည်း များပြားကြောင်း သိရသည်။ အလောင်း တစ်လောင်းကိုမူ KIA တို့ ပြန်လည်မြှုပ်နှံပေးခဲ့ပြီး လက်နက်ကြီးကျည် တစ်တောင့်ကိုလည်းသိမ်းဆီးရမိကြောင်း သိရသည်။



        ယမန်နေ့တွင်လည်း အဆိုပါ စစ်ကောင်စီ စစ်ကြောင်း နှင့် MNDAA, KIA ပူးပေါင်းတပ်တို့ ကာလိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့သေးသည်။

The 7Stars News

Post a Comment

0 Comments