ကွတ်ခိုင်မြို့ ဗျူဟာ နှင့် ကင်းစခန်း၊ တိုး ဂိတ် စောင့် တပ်စခန်းတို့ကို KIA တိုက်ခိုက် စစ်ကောင်စီတပ်တို့ ထိခိုက်ကျရှုံးမှုများပြား

 ကွတ်ခိုင်မြို့ ဗျူဟာ နှင့် ကင်းစခန်း၊ တိုးဂိတ် စောင့် တပ်စခန်းတို့ကို KIA တိုက်ခိုက်စစ်ကောင်စီတပ်တို့ ထိခိုက်ကျရှုံးမှုများပြား


        ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ဗျူဟာ၊ ကင်းစခန်း နှင့် တိုးဂိတ် တို့ကိုယနေ့ည ၆:၅၀ အချိန်တွင် KIA တို့
ရှောင်တခင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။

        KIA အမှတ် ၉ တပ်ရင်း လက်အောက်ခံ တပ်ခွဲများ နှင့် MHH တို့ ပူးပေါင်းပြီး ကွတ်ခိုင်မြို့ဗျူဟာကိုရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်တို့ အလစ်အငိုက်ခံခဲ့ရကာ အများအပြား ထိခိုက်ကျဆုံးမှုရှိကြောင်း KIA နှင့် နီးစပ်သူတစ်ဦးက 7stars News ကို ပြောသည်။

" သူတို့က အစီအစဉ် အတိုင်းဝင်တိုက်တာ။ရပ်ကွက် (၁) မှာ ရှိတဲ့ ဗျူဟာ အဝင်ဂိတ်နဲ့ မူဆယ်လမ်း တိုးဂိတ်စောင့် တပ်ဖွဲ့တွေတော့အတော် အထိနာသွားပြီ။ အလစ်အငိုက်တိုက်ခံရတာလေ။ ၁၀၇ လျော့တိုက်ဒုံး နဲ့လည်းဗျူဟာ ထဲလှမ်းပစ်ကြတယ်။ ဗျူဟာထဲတော့ဘယ်အခြေအနေ ရှိနေလဲဆိုတာ မသိရသေးဘူး။” ဟု ဆိုသည်။

        ကွတ်ခိုင်မြို့တွင်းမှာပင် ပစ်ခိုက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူများ လွန်စွာထိတ်လန့်ကြောက်ရွံ့ခဲ့ရသည်ဟု ဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။

"၇ နာရီမထိုးခင်မှာ ပစ်ခတ်သံတွေကြားရတယ်။မိနစ် ၂၀ လောက် ပစ်ခတ်ကြတယ်။ ရပ်ကွက်၁ နဲ့ မူဆယ် လမ်းဘက်မှာ ပစ်ကြတာ။ ကွတ်ခိုင်မြို့က တိုက်ပွဲ နဲ့ မစိမ်းပါဘူး။ ဒါပေမဲ့မြို့တွင်းထဲ ဝင်ပစ်တာကို ခုမှ ကြုံဖူးတော့လေအရမ်းကို ကြောက်တာပေါ့။ မြို့တွင်းထဲဆိုတော့ ပြည်သူတွေ ကို ထိခိုက်မှာကိုလည်းစိုးရိမ်မိတာပေါ့။" ဟု ဆိုသည်။

        ကွတ်ခိုင်မြို့သည် စစ်ကောင်စီတို့ ထိန်းချုပ်ထားနိုင်သော မြို့တစ်မြို့ ဖြစ်ပြီး လွန်ခဲ့သောဒီဇင်ဘာ ၁၄ ရက်နေ့ညတွင် ကွတ်ခိုင်မြို့နယ် ကျန်းမာရေး နှင့် ကုသရေးဦးစီးမှူး​ ဒေါက်တာဒေါ်ဝင့်ဝင့်မြိုင် လုပ်ကြံခံရပြီးသည့် နောက်
ကွတ်ခိုင်မြို့အတွင်း ယခုကဲ့သို့ တိုက်ခိုက်မှုများ ရှိလာခဲ့သည်။

The 7Stars News

Post a Comment

0 Comments