မိုးညှင်းမြို့နယ် ညောင်တုန်းရွာ အနီးတွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်၊ စကစ ၁၂ ဦး ကျဆုံး

   မိုးညှင်းမြို့နယ် ညောင်တုန်းရွာ အနီးတွင် KIA နှင့်  စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်၊ စကစ ၁၂ ဦး ကျဆုံး



ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ညောင်တုန်းရွာအနီးတွင် KIA, PDF ပူးပေါင်းတပ် နှင့် စစ်ကောင်စီ တပ်တို့ ယနေ့ညနေပိုင်း ၄ နာရီခွဲ အချိန်မှ ၅ နာရီခွဲအချိန်ထိ တစ်နာရီကြာမျှ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

        စစ်ကောင်စီ စစ်ကြောင်း ကို KIA, PDFတို့ ချုံခိုတိုက်ခိုက်ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KIA နှင့် နီးစပ်သူ တစ်ဦးက7stars News ကို ယခုလို ပြောသည်။

"စကစ စစ်ကြောင်းချီတက် လာတာကို KIAဘက်ကသတင်းရထားပုံရတယ်။ ညောင်တုန်းရွာအနီးမှာ စောင့်ကြိုတိုက်ခိုက်တာလို့ ပြောတယ်။ နှစ်ဖက် အပြန်အလှန်ပစ်ခတ်တာ တစ်နာရီလောက်ကြာတယ်။” ဟုဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၂ ဦးသေဆုံးပြီး ဒဏ်ရာ ရရှိသူများလည်းရှိကြောင်းသိရသည်။

        ယနေ့နံနက်ပိုင်းတွင်လည်း ကချင်ပြည်နယ်အင်းတော်ကြီးဒေသ ညောင်ထောက်ကျေးရွာအနီးတွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

The 7Stars News

Post a Comment

0 Comments