စစ်ကောင်စီ ယာဉ်တန်းကို KIA တို့ ကြားဖြတ်တိုက်ခိုက်၊ ကားတစ်စီးမီးလောင်၊ အကျအဆုံးရှိ

 


        ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဘာချီးကျေးရွာအနီး ပြည်ထောင်စုလမ်းမပေါ် မူဆယ်ဘက်ဦးတည်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယနေ့နံနက်ပိုင်း ၂ နာရီခွဲအချိန်တွင် KIA တပ်ရင်း ၂၉ တို့ ဖြတ်တိုက်ခဲ့ကြောင်း သတင်းရရှိသည်။

        စစ်ကောင်စီယာဉ်တန်းကို KIA တို့ ဖြတ်တိုက်ရာမှ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ပြင်းထန်ခဲ့ပြီး စစ်ကားတစ်စီးမီးလောင်ပျက်စီးကာ စစ်ကောင်စီဘက် အကျအဆုံး ရှိကြောင်းအမည်မဖော်လိုသူ တစ်ဦးက 7stars News ကို ပြော သည်။

     "ဒီနေ့မနက် ၂ နာရီခွဲလောက်မှာ နမ့်ဘာချီးဘက် လက်နက်ကြီး  သံတွေရော လက်နက်ငယ်သံတွေရော ကြား ရတယ်။ တစ်နာရီလောက်ကြာအောင် အပြန်အလှန်ပစ်နေကြတယ်။ ဒီနေ့ မိုးလင်းတော့ နမ့်ဘာချီးမှာ စစ်ကားတစ်စီး မီးလောင်ပျက်စီးနေတာတွေ့တယ်။ အဲ့ဒီကားကို ဒီမနက်မှာပဲစစ်ကောင်စီ တပ်တွေကွတ်ခိုင်ဘက်ကို သယ်သွားကြတယ်။စစ်သား တစ်ယောက်သေတယ် လို့ကြားရတယ်။ ဒဏ်ရာ ရတာတော့ အတော်များပုံရတယ်။” ဟု ဆိုသည်။

        စစ်ကား အစီး ၅၀ ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းကို KIA တို့ နမ့်ဘာချီးအနီးတွင်ဖြတ်တိုက်ခြင်း ဖြစ်ပြီး အဆိုပါ ယာဉ်တန်းကိုပင် ရှုခင်းသာ အနီးတွင် KIA တပ်ရင်း(၃၉) တို့ တဖန်ဖြတ်တိုက်ခဲ့ကြောင်း သိရသည်။


Photo : iNternet

#7Stars News

The 7Stars News


Post a Comment

0 Comments