ကွတ်ခိုင်မြို့အနီးတွင် KIA, MNDAA ပူးပေါင်းတပ် နှင့် စစ်ကောင်စီတို့တိုက်ပွဲ ပြင်းထန်နေ၊ ပြည်သူများစစ်ဘေးရှောင်နေရ

 ကွတ်ခိုင်မြို့အနီးတွင် KIA, MNDAA ပူးပေါင်းတပ် နှင့် စစ်ကောင်စီတို့တိုက်ပွဲ ပြင်းထန်နေ၊ ပြည်သူများ စစ်ဘေးရှောင်နေရ။



        ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ကာလိုင်ကျေးရွာ အနီး လွယ်ဂေါ်တွင် စစ်ကောင်စီတပ်နှင့် KIA, MNDAA ပူးပေါင်းတပ်တို့ ယနေ့နံနက် ၉ နာရီခွဲအချိန်မှစ၍တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်းသတင်း
ရရှိသည်။
        တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အလွန်အကျွံပပ်ခတ်နေခြင်းကြောင့်ဘော်ခီးကျေးရွာမှ ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း ဒေသခံတစ်ဦးက 7stars News ကိုပြောသည်။

"၉နာရီခွဲ လောက်က စပြီး တိုက်ပွဲ ဖြစ်နေပြီ။လက်နက်ကြီးတွေလည်း ပစ်နေတယ်။ဘော်ခီးရွာ အနီးမှာလက်နက်ကြီးကျည်ကျကွဲတာ ရှိတယ်။ ရွာက ပြည်သူတွေကမနေရဲတော့ဘူး။ အခု ကျည်လွတ်ရာဘက်ကို ရှောင်နေကြတယ်။” ဟု ဆိုသည်။"

        တိုက်ပွဲအတွင်း နှစ်ဘက်ကျဆုံးမှုကိုမူအတည်ပြုနိုင်ခြင်းမရှိသေးပေ။

        ယမန်နေ့တွင်လည်း ကွတ်ခိုင် နှင့် ကာလိုင်ကြားတွင် KIA, MNDAA ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ခဲ့ပါသည်။

The 7Stars News

Post a Comment

0 Comments