KDA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ဦးမထုနော်၏ စျာပန အခမ်းအနားကို KDA ဌာနချုပ် ကောင်းခါးတွင်ပြုလုပ်။

 KDA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ဦးမထုနော်၏ စျာပန အခမ်းအနားကို KDA ဌာနချုပ် ကောင်းခါးတွင် ပြုလုပ်

        KDA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်​ကြီးဦးမထုနော်၏ စျာပန ဝတ်ပြုဆုတောင်းခြင်း အခမ်းအနားကိုရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် KDA ဌာနချုပ်ဖြစ်သော ကောင်းခါးမြို့သစ်ရှိ ခရစ်ယာန်ဘုရားကျောင်း
တွင် ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်မှ မွန်းလွဲ၁ နာရီအချိန်ထိ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။


        ဝတ်ပြုဆုတောင်းပြီးသည့်နောက် ၎င်းချန်ရစ်ခဲ့သော ရုပ်ကလပ်ကို KDA အာဇာနည် ဂူဗိမာန်တွင် သွားရောက် သင်္ဂြိုလ်ခဲ့သည်ဟုဆိုသည်။

        ဒုတိယဗိုလ်ချုပ်​ကြီး ဦးမထုနော်သည် KIA မှ အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင်နေထိုင်သော ကချင်လူမျိုးများ၏ ကောင်းကျိုးချမ်းသာကို ရှေ့ရှူ၍
၁. စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာစေရန်
၂. ပညာရေးမြင့်မားလာစေရန်
၃.အမျိုး ဘာသာ တိုးတက်စေရန်
၄ ယဉ်ကျေးမှု ထုံးတမ်းဓလေ့ တိုးတက်ဖွိ့ဖြိုးလာစေရန် နှင့်
၅. လူနေမှုအဆင့်အတန်း တိုးတက်လာစေရန် ဟူသော အချက် (၅)ချက်ပါဝင်သောရည်ရွယ်ချက်ဖြင့် ၁၉၉၁ ခုနှစ်တွင် KIAမှ KDA ဟု ခွဲထွက်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေချခဲ့ကြောင်း သိရသည်။
        ၂၀၀၉ ခုနှစ် မှစ၍ ဒုတိယဗိုလ်ချုပ်ကြီးဦးမထုနော်သည် ကျန်းမာရေး ချို့ယွင်းမှုရှိလာခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်း ၁၁:၂၀ နာရီအချိန်တွင် ကောင်းခါးမြို့သစ်ရှိ ၎င်း၏ နေအိမ်တွင် ခရစ်တော်၌ အိပ်ပျော်ခဲ့ခြင်းဖြစ်သည်။

Post a Comment

0 Comments