မူဆယ်မြို့တွင်း စကစလက်အောက်ခံဌာနေပြည်သူ့စစ်အချင်းချင်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်၊ လူအထိအခိုက်ရှိဟုဆို။

 မူဆယ်မြို့တွင်း စကစလက်အောက်ခံဌာနေပြည်သူ့စစ်အချင်းချင်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်၊ လူအထိအခိုက်ရှိဟုဆို။


        ရှမ်းမြောက်၊ မူဆယ်မြို့တွင် ယနေ့ည ၈း၄၀မိနစ်အချိန်ခန့်မှစတင်ပြီး ဆင်ဖြူပေါက်နှင့် မင်္ဂလာမူဆယ်ကြား၊ ပန်ခမ်းတံတားနှင့် 79ဆပ်ပြာမှုန့်စက်ရုံအနီးတစ်ဝိုက်၊ (၃) နေရာတွင် လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများ နာရီဝက်ခန့် ထွက်ပေါ်ခဲ့ကြောင်းသတင်းရရှိသည်။

        စကစ လက်အောက်ခံ ပန်းဆေးဌာနေပြည်သူ့စစ်နှင့် တာမိုးညှဲဌာနေပြည်သူ့စစ်အဖွဲ့တို့ စကားများရာမှလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ကြခြင်းဖြစ်​ပြီး၊ တိုက်ခိုက်မှုအတွင်း လူတစ်ချို့ဒဏ်ရာရရှိကာ ၇ဦးဖမ်းဆီးခံရကြောင်း ကနဦးသတင်းရရှိပါသော်လည်း အသေးစိတ်အချက်အလက်ကိုမူ 7Stars News အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

        ရှမ်းမြောက်မူဆယ်မြို့သည် စကစ ထိန်းချူပ်ရာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ကာ မူးယစ်ဆေးဝါး၊လောင်းကစားနှင့် တရုတ်ပြည်ပြေးများမှ လာရောက်ဖွင့်လှစ်လုပ်ကိုင်နေသော Online Game (အလိမ်အညှာဂိမ်း) များကျက်စားရာ နယ်စပ်မြို့တစ်မြို့ဖြစ်သည်။

The 7Stars News

Post a Comment

0 Comments