မုံးကိုးဖောင်းဆိုင်ဒေသ တိုက်ပွဲပြင်းထန်နေ

 မုံးကိုးဖောင်းဆိုင်ဒေသ တိုက်ပွဲပြင်းထန်နေ


        ရှမ်းမြောက်၊ မူဆယ်ခရိုင်၊ မုံးကိုးဖောင်းဆိုင်ဒေသ ဖောင်းဆိုင်၊ လရှတ်(ပ်) (Lashap) နှင့် မန်ယန်( Man Yang) ကျေးရွာများအနီး (နေရာသုံးနေ)တွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေကြောင်း ကနဦး သတင်းရရှိသည်။

        ယခုမနက် ၃နာရီ ဝန်းကျင်ခန့်အချိန်မှ စတင်၍ လရှတ်(ပ်) (Lashap) ၊ မန်ယန် (Man Yang) ၊ ဖောင်းဆိုင် ၃နေရာတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မနက် ၈နာရီအချိန်တွင် ဘန်ငူးတောင် နေရာတွင်လည်း လက်နက်ကြီး ၊ လက်နက်ငယ်သံများ အဆက်မပြတ်ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

        အဆိုပါဒေသသည် ကချင်လွှတ်မြောက်ရေးတပ်မတော် KIA နှင့် ကိုးကန့် MNDAA တို့လှုပ်ရှားရာဒေသဖြစ်ပြီး ယခုသတင်းရေးသား နေချိန်အထိ တိုက်ပွဲဆက်လျက်ပြင်းထန်လျက်ရှိကာ 7Stars News အနေဖြင့် တိုက်ပွဲသတင်း အသေးစိတ်အချက်အလက်များကို အတည်ပြုရယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

The 7Stars News

Post a Comment

0 Comments