စစ်ကောင်စီယာဥ်တန်းအား ကေအိုင်အေ ပစ်ခတ်တိုက်ခိုက်၊ ပစ်မှတ်တိကျပြတ်သား

 

          စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်လူးနှင့် နဘားအကြားတွင် 
က‌ေကအိုင်အေ အမှတ် (၃၅) တပ်ရင်း စစ်သည်တို့မှ စစ်ကောင်စီ စစ်ယာဥ်တန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

          ယခုမနက် မြစ်ကြီးနားမှ ထွက်ခွာလာသော စစ်ကားအစီး (၃၀)ကျော်ပါ ယာဥ်တန်းအား စစ်ကိုင်းတိုင်းအဝင် မော်လူးနှင့် နဘားကြား၊ ပင်ဝယ်ကျေးရွာအလွန် ပင်တင်းရွာအနီးတွင် ကေအိုင်အေ အမှတ် (၃၅)တပ်ရင်းစစ်သည်တို့မှ အသင့်စောင့်ကြိုတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

          အဆိုပါယာဥ်တန်းမှာ ကန်ပိုင်တီနယ်စပ်မှတစ်ဆင့် လောင်စာဆီ၊ ပစ္စည်း (အမျိုးအစားစိစစ်ဆဲ)တင်ဆောင်လာသောယဥ်များနှင့် လုံခြုံရေးစစ်ကားများပါဝင်သည့် ယာဥ်တန်းဖြစ်ကြောင်း ကနဦးစုံစမ်းသိရှိရသည်။

         တိုက်ခိုက်မှုတွင် ပစ်မှတ်တိကျပြတ်သားပြီး အကြမ်းဖက်စစ်ကောင်စီတပ်တို့ ထိခိုက်သေဆုံးမှုများပြားနိုင်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရသိရသော်လည်း 7StarsNews အနေဖြင့် ထိခိုက်သေဆုံးစာရင်းအချက်အလက်အသေးစိတ်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Photos : Google Earth Captured

#7stars_News
The 7Stars News

Post a Comment

0 Comments