မော်တောင်းရွာသားတစ်ဦးအား အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှ အကြောင်းမဲ့နှိပ်စက်သတ်ဖြတ်


        ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မန်းဟန်တောင်ကျော လျှိုအတွင်း တပ်စခန်းချထားသည့် TNLA-PDF တပ်ဖွဲ့ကို စစ်ကောင်စီတပ်က ယမန်နေ့နံနက် ၅ နာရီအချိန်ခန့်တွင်အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးအပြန်၊ မန်းဟန်တောင်ရှိ ပြောင်းခြံတွင် အလုပ်လုပ်ကိုင်နေသော မော်တောင်းကျေးရွာနေ ဦးလဖိုင်တိန် အသက် (၅၆) နှစ်ကို အကြောင်းမဲ့ ရိုက်နှက်၊ ထိုးကြိတ်၊ နှိပ်စက်ကာ သေနတ်ဖြင့် ပစ်သတ် ခဲ့ကြောင်း သတင်းရရှိသည်။

        စစ်ကောင်စီ၏ မတရား နှိပ်စက် သတ်ဖြတ်ခံခဲ့ရသည့် ဦးလဖိုင်တိန်မှာ မော်တောင်းကျေးရွာတွင်နေထိုင် သူဖြစ်ပြီး မန်းဟန်တောင်တွင်ပြောင်းခြံလုပ်ကိုင်ကာအသက်မွေးဝမ်းကြောင်းနေသူ ဖြစ်ကြောင်းသိရသည်။
သတ်ဖြတ်ခံရမှု နှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ ဒေသခံတစ်ဦးက 7stars News ကို ယခုကဲ့သို့ ပြောဆိုသည်။

                    "ဦးလဖိုင်တိန် က မိသားစုအတွက် အလုပ်အရမ်းကြိုးစားတယ်။ သူက မန်းဟန်တောင်
      မှာ ပြောင်းခြံလုပ်ရင်း အဲ့မှာပဲအိပ်တာ။ မနေ့မနက်ကတော့ ရွာမှာ စပါးရိတ်ဖို့ရှိလို့ ပြောင်းခြံကနေ                 ရွာဘက်ဆင်းလာဖို့လုပ်တယ်။ မဆင်းလာခင် မိသားစုတွေနဲ့     ဖုန်းအဆက်အသွယ်ရ သေးတယ်။ 
    အဲ့ဒီနောက် ဖုန်းအဆက်အသွယ်  မရတော့ဘူး။” ဟုဆိုသည်။

        ဖြစ်စဉ် နှင့်ပတ်သက်ပြီး 7stars News မှ ဆက်လက်စုံစမ်းရာ ဦးလဖိုင်တိန် သည်ယမန်နေ့နံနက် ၇ နာရီခန့် အချိန်တွင် ပြောင်းခြံမှ ရွာသို့ ဆင်းဖို့ လုပ်ဆောင်နေစဉ် စစ်ကောင်စီ     စစ်သားများ ရောက်လာပြီး      နှိပ်စက် သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ကြောင်းနှင့်    အလာင်းကိုမူ ပြောင်းခြံမှာပင် မြှုပ်နှံထားကြောင်း     အမည်မဖော်လိုသူ တစ်ဦးက 7stars News ကို ပြောသည်။

     "သူ အိမ်သားတွေနဲ့ ဖုန်း  အဆက်အသွယ်ရချိန်က မနက် ၇ နာရီမထိုးခင်လို့ သိရတယ်။ 
       သူ့မိသားစုတွေက နေ့ခင်းအထိသူ ရွာထဲပြန်မရောက်တော့ စိုးရိမ်နေကြပြီ။ ကျွန်တော်တို့လည်း 
       သွားပြီး မရှာရဲကြဘူး။ ဒီမနက် ကျမှ သွားရှာကြည့်တော့လမ်းမှာ သူ့အဝတ်တွေ ချွတ်ထားတာ
       တွေ့ရတယ်။ ပြောင်းခြံထဲသွားရှာကြည့်တော့     သူ့အလောင်းကို     မြှုပ်ထားတာတွေ့ရတယ်။                       မြေအပေါ်ယံတူးပြီး ဖို့ထားတာ။ ကျွန်တော်တို့ အလောင်းကိုဖော်ကြည့်တော့သူဝတ်နေကျအဝတ်
       တွေမဟုတ်နေဘူး။ အင်္ကျီတွေကိုလည်း လဲထားပေးကြတယ်။ ပြီးတော့မျက်နှာတွေမှာ   ဖူးယောင်
       နေတယ်။ ပြီးတော့ ညာဘက် ရင်အုံမှာသေနတ်ကျည် ဖောက်ဝင်ထားတာတွေ့ရတယ်။ သူ့အလောင်း
       ကို ကောင်းကောင်းပြန်ယူပြီး အခေါင်းထဲထည့်တယ်။ရွာသင်္ချိုင်းမှာ သင်္ဂြိုလ်ဖို့ လုပ်နေတယ်။”
       ဟု ဆိုသည်။

        ဦးလဖိုင်တိန် သည် သားသမီး ၆ ယောက်နှင့် ဇနီးမယားအပေါ် မေတ္တာကြီးမားကာအိမ်ထောင်ဝတ်တရား၊ ဖခင်ဝတ်တရားကျေပွန်သူ ဖြစ်ကြောင်းသိရသည်။
 
The 7Stars News


Post a Comment

0 Comments