TNLA နှင့် အကြမ်းဖက်စစ်ကောင်စီ တို့တိုက်ပွဲဖြစ်ပွား

 


        ကွတ်ခိုင်မြို့နယ် မန်းဟန်ကျေးရွာအုပ်စု မုန်းတောင်လျှို ၌ TNLA နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ယနေ့ နံနက် ၅ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
 
ယနေ့နံနက် ၅ နာရီအချိန်တွင် TNLA အမှတ်(၂) တပ်ရင်းတို့တပ်စွဲထားသော မုန်းတောင်လျှို အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ(တပ်ရင်းအမည်စုံစမ်းဆဲ) မှအင်အား ၆၀ခန့်ဖြင့်ရုတ်တရက်ထိုးစစ်ဆင်တိုက်ခိုက် လာသဖြင့် တိုက်ပွဲဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
 
၎င်းတိုက်ပွဲနှင့် ပတ်သတ်၍ အကျအဆုံး အသေးစိတ် အချက်အလက်တွေကို 7stars Newsမှဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။
 
The 7Stas News

Post a Comment

0 Comments