TNLA တပ်ဖွဲ့ ရဲ့ သေနတ် ၅၄ လက် နဲ့ လက်နက် ခဲယမ်းအချို့ကို စစ်ကောင်စီတပ်တို့ သိမ်းဆီး

 


        ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ဟိုမိန်းကျေးရွာအထက် မိုးကောင်းတောင်ယာမှာ ဝှက်ထားတဲ့ TNLA တို့ရဲ့ သေနတ် ၅၄ လက်နဲ့ လက်နက်ခဲယမ်း အပြင် စစ်အသုံးအဆောင်ပစ္စည်းများကို စစ်ကောင်စီ တပ်ဖွဲ့က နိုဝင်ဘာ၁၃ ရက်နေ့မှာ သိမ်းဆီးရမိခဲ့တယ်လို့သတင်းရရှိပါတယ်။
 
        စစ်ကောင်စီ တပ်ဖွဲ့တို့က အင်အား ၄၀၀ မျှရှိတဲ့စစ်ကြောင်းနဲ့ နမ့်ဆန်မြို့နယ် ဟိုမိန်းသို့ စစ်ချီလာပြီး အတားအဆီးမရှိပဲ အဆိုပါ လက်နက်များကို သိမ်းယူသွားခြင်းဖြစ်ကြောင်း   အမည်မဖော်လိုတဲ့ဒေသခံ တစ်ဦးက7stars News ကို ပြောပါတယ်။
 
"စစ်ကောင်စီတပ်တွေ အင်အား ၄၀၀လောက်ရှိတယ်။ ဒီဘက်ကို ရောက်လာတာ၄ ရက်လောက်ရှိပြီ။ TNLA နဲ့ တိုက်ပွဲဖြစ်တာမျိုးလည်း မရှိဘူး။ မနေ့ညနေကတပ်ပြန်ခေါက်ကြတယ်။ TNLA တို့ရဲ့လက်နက်တွေသိမ်း သွားတယ်လို့သိရတယ်။” လို့ ဆိုပါတယ်။
 
        TNLA တို့က ၎င်း တို့ရဲ့ ဟိုမိန်း တိုက်နယ်မှူးကို အဆိုပါ လက်နက်တွေကို လုံခြုံစွာထိန်းသိမ်း သိုဝှက်ထား ဖို့ ညွှန်ကြားထားတာဖြစ်ပြီး သတင်းပေါက်ကြားမှုရှိခဲ့သဖြင့် ယခုကဲ့သို့ စစ်ကောင်စီရဲ့ သိမ်းဆီးမှုကိုခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။သိမ်းဆီးခံခဲ့ရတဲ့ လက်နက် ခဲယမ်းများရဲ့ကာလ တန်ဖိုးမှာ ကျပ်သိန်း ၂၅၀၀ ကျော်မျှ
ရှိတယ်လို့ ဆိုပါတယ်။
 
        ၂၀၁၉ ခုနှစ် မှာလည်း နမ့်ဆန် ဟိုမိန်း ဒေသမှာပင် TNLA တို့ရဲ့ လက်နက်အမြောက်အမြား ကို စစ်ကောင်စီဘက်က သိမ်းဆီးခဲ့ပါသေးတယ်။  

photo: ပုံဟောင်း
The 7Stars News

Post a Comment

0 Comments