ရေစကြို Mytel တာဝါတိုင်ကို သိန်းငှက်ပျောက် ကျားအဖွဲ့ မှ ဖြိုချ

 
        မကွေးတိုင်း ရေစကြိုမြို့နယ် ငတေမျှော်ကျေးရွာရှိ စကစပိုင် Mytel တာဝါတိုင်ကိုသိန်းငှက်ပျောက်ကျား အဖွဲ့က နိုဝင်ဘာ ၂၂ ရက်နေ့မှာမိုင်းခွဲ ဖြိုချခဲ့ကြောင်း သိရပါတယ်။
 
        ရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီတပ်တို့စစ်ချီလာချိန် ယင်းတာဝါတိုင်ပေါ် စနိုက်ဘာသမားများ တက်ရောက်နေရာယူကာ ပြည်သူတွေကို ခြိမ်းခြောက်မှုပြုခြင်းကြောင့် သိန်းငှက်ပျောက်ကျားအဖွဲ့က ဖြိုချ ဖျက်ဆီးလိုက်ခြင်းဖြစ်တယ် လို့ ဆိုပါတယ်။
 
The 7Stars News

Post a Comment

0 Comments