MNDAA နှင့် တပ်မ ၉၉ တို့ တိုက်ပွဲပြင်းထန်

 

 

        ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်မုံးကိုးမြို့နယ် ဘန်မွှေး မန်းယန် ကျေးရွာအနီးတွင် MNDAA နှင့် စစ်ကောင်စီတပ်တို့ယနေ့ညနေပိုင်း ၃ နာရီခွဲ အချိန်ကစပြီးတိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

        နှစ်ဖက် လက်နက်ကြီးတွေ နှင့် အပြန်အလှန်ပြစ်ခတ်မှု ပြင်းထန်သလို လက်နက်ငယ်များဖြင့်လည်း ပြင်းပြင်းထန်ထန် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံ တစ်ဦးက 7stars Newsကို ပြောသည်။
 
    "ညနေပိုင်း ၃ နာရီကျော်ကတည်းက တိုက်ပွဲဖြစ်နေပြီ။ လက်နက်ကြီးတွေ နဲ့ အရင် ပစ်ကြတယ်။                        နောက်တော့ လက်နက်ငယ်အသံတွေ ကြားရတယ်။ လက်နက်သံတွေကို နားထောင်ကြည့်တော့                     တိုက်ပွဲအတော်ပြင်းတယ်လို့ ဆိုရမှာပဲ။” ဟု ဆိုသည်။
 
        ယခုတိုက်ခိုက်နေသော စစ်ကောင်စီ တပ်မှာယနေ့မှ ရောက်လာသော တပ်မ ၉၉တပ်တွေဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူတစ်ဦး က 7stars News ကို အတည်ပြုပြောဆိုသည်။
 
    "အခုတိုက်ခိုက်နေတဲ့ စစ်ကောင်စီ တပ်တွေကတပ်မ ၉၉ စစ်ကြောင်းတွေပါ။ ဒီနေ့ပဲရောက်လာကြတာ။         ရောက်တာနဲ့ တိုက်စစ်ဖွင့်တော့တာပဲ။ မန်းယန်က နေ သံချပ်ကာကား၂ စီးနဲ့ ပစ်တယ်။ဗန်မွေးဘက်မှာ             MNDAA တွေ စစ်အင်အား အလုံးအရင်းရောက်လာတယ်ဆိုတဲ့သတင်းရလို့ ပစ်ကြတာ။ ဖောင်းဆိုင်
    ကနေလည်း လက်နက်ကြီးတွေ ပစ်ကူတယ်။အတော်ကြမ်းတယ်။ မနေ့က တိုက်တဲ့ အဖွဲ့တွေက တပ်မ 
    ၇၇ တွေလေ။” ဟု ​ပြောဆိုသည်။
 
        အကြမ်းဖက် စစ်အုပ်စုမှာ လွန်ခဲ့သော ၂ ရက်ကတည်းက မုံးကိုးမြို့နယ် အနီးပတ်ဝန်းကျင်ရှိ ဘန်မွှေး၊ မန်းယန် နှင့် အခြားသော ကျေးရွာပြည်သူများအား လယ်ယာ များ ၌ စပါးရိတ်သိမ်းခြင်းနှင့်အလုပ်ဆင်း လုပ်ခြင်းတို့မပြုလုပ်ကြရန် သတိပေးခဲ့သည် ဟု သိရသည်။
 
မုံးကိုးဒေသအား MNDAA နှင့် စစ်ကောင်စီတပ်တို့ သူ့ထက်ငါအလျင် ထိန်းချုပ်နိုင်ဖို့ တိုက်ပွဲများဆင်နွှဲ နေ သည်မှာ ၄ လကျော်မျှ ရှိပြီဖြစ်သည်။
 
The 7Stars News

Post a Comment

0 Comments