MNDAA နှင့် အကြမ်းဖက် စစ်အုပ်စုတို့ တိုက်ပွဲလွန်စွာပြင်းထန်၊ စစ်အုပ်စုတို့အထိနာ၊ ပြည်သူတစ်ဦးသေဆုံး

 


        ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ် မန်းယန့် ကျေးရွာနှင့် ဘန်မွေးကျေးရွာကြားတွင် ယနေ့နံနက် ၆ နာရီကျော် အချိန်ကတည်းက MNDAA နှင့် အကြမ်းဖက်စစ်ကောင်စီတို့တိုက်ပွဲ ပြင်းပြင်း ထန်ထန်ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။
 
        တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကာင်စီတပ်မှလက်နက်ကြီးများကို အလွန်အကျွံ အသုံးပြုကာရမ်းတမ်း ပစ်ခတ်မှုများ ပြုလုပ်ခြင်းကြောင့်ဘန်မွေးကျေးရွာရှိ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ကာအမျိုးသမီး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက 7stars Newsကို အတည်ပြုပြောဆိုသည်။
 
    "အကြမ်းဖက် စစ်တပ်က မန်းယန့် ခရစ်ယာန်ဘုရားကျောင်းမှာ စခန်းချပြီးနေတယ်။ MNDAA တို့က             အောက်ဘက်က ဘန်မွေးရွာမှာနေတယ်။ မနေ့ နဲ့ ဒီနေ့ တိုက်ပွဲ ပြင်းတယ်။အကြမ်းဖက်စစ်တပ်ဘက်             ထိခိုက်တာတွေများတယ်။  လက်နက်ကြီးတွေကိုရမ်းပြီး ပစ်တာ။     အိမ်တစ်အိမ်မှာ လက်နက်ကြီး
    ကျည်ထိပြီး အမျိုးသမီးတစ်ယောက်သေတယ်။ ခုလက်နက်ကြီးထိမှန်တဲ့အမျိုးသမီးကအသက် ၂၂ နှစ်
    ပဲ ရှိသေးတယ်။တောင်ကြီးကနေ ဒီမှာ အိမ်ထောင်ကျတာလေ။     သူတို့ မိသားစုတွေ စစ်ဘေးရှောင်ဖို့ 
    အဝတ်တွေ သိမ်းနေတာ။ အဲ့ အချိန်မှာပဲ လက်နက်ကြီးကျည်ကျကွဲတာ။ ပွဲချင်းပြီးပဲ။” ဟု ဆိုသည်။
အသက်ဆုံးရှုံးခဲ့ရသော အမျိုးသမီး နာမည်မှာရွှေစင်မေ ဖြစ်ပြီး မူကြိုဆရာမ ဖြစ်ကြောင်းသိရသည်။
 
 
        အကြမ်းဖက် စစ်တပ်မှ ကျေးရွာပြည်သူများနေအိမ်များသို့ လက်နက်ကြီးများ ရမ်းတမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိပ်လန့် ကြောက်ရွံ့နေကြရကြောင်း သိရသည်။
 

        တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တို့ အထိနာမှုများပြားပြီး လက်နက်ခဲယမ်း အမြောက်အများကိုလည်း လက်လွတ်ခဲ့ကြရကြောင်း သိရသည်။မုံးကိုးဒေသတွင် MNDAA နှင့် အကြမ်းဖက်
စစ်တပ်တို့ ထိပ်တိုက် ရင်ဆိုင်မှုမှာ ပိုမိုပြင်းထန်လာလျက်ရှိပြီး ယမန်နေ့ညတွင်လည်း၁၁ နာရီအချိန်ထိ အပြန် အလှန် အပြင်းအထန် တိုက်ခိုက်မှုရှိခဲ့သည်။
 
Photos: The Kokang 
The 7Stars News

Post a Comment

0 Comments