ဖာ့ကန့် မြို့နယ်တွင် စစ်ကောင်စီတပ်၏ တပ်စခန်း ၂ ခု ကို KIA တို့ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် ပစ်ကူ

 

 

 
        ကချင်ပြည်နယ် ဖာ့ကန့်မြို့နယ် နမ့်စမ်းကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်း အောင်လန့်ပိုစ်၊ ဆိုင်းဂျာ ပိုစ် နှင့် ဂါးခရမ်ပိုစ် တို့ကို ယမန်နေ့ညနေပိုင်း လေးနာရီခွဲ အချိန်က စပြီး KIAတို့ အချိန် တစ်ချိန်တည်းတွင် တပြိုင်နက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
 
        အဆိုပါ စစ်ကောင်စီ တပ်စခန်း ၃ ခုကိုKIA နှင့် PDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယနေ့ နံနက် ၇ နာရီအချိန်တွင်အောင်လန့်ပိုစ် နှင့် ဆိုင်ဂျာပိုစ် တို့ကိုသိမ်းပိုက် နိုင်ခဲ့သည်ဟု ဆိုသည်။ဂါးခရမ်ပိုစ် ကိုမူ KIA နှင့် PDF တို့ သိမ်းပိုက်နိုင်ဖို့ ဆက်လျက်ကြိုးပမ်းနေကြရာ ယနေ့နေ့ခင်းပိုင်း ၁၁:၁၀ နာရီအချိန်တွင် စစ်အုပ်စုတို့ ဘက်မှ ဂျက် ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်မြေပြင် သတင်းရင်းမြစ်မှ သိရသည်။
ယခုသတင်းရေးသားနေချိန်ထိ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ပြင်းထန်နေသေးသည်ဟုဆိုသည်။
 
        စစ်ကောင်စီ၏ တပ်စခန်း တစ်ခုစီတွင်လူအင်အား တစ်ရာကျော်မျှရှိပြီး KIAနှင့် PDF တို့၏ စခန်းသိမ်း တိုက်ပွဲတွင်နှစ်ဦး နှစ်ဘက် မည်၍မည်မျှ ထိခိုက်ကျဆုံး မှုရှိသည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးချေ။
 
        ယခုသတင်းရေးသား နေချိန်မှာပင်စစ်ကောင်စီဘက်မှ KIA တပ်မဟာ ၉ဌာနချုပ် စခန်းကို ဂျက်ဖိုက်တာ ၂ စီးဖြင့်ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့ပြီး KIA ဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း သိရသည်။
 
 
Photo : CJ 
The 7Stars News


Post a Comment

0 Comments