KIA နှင့် စစ်အုပ်စုတို့ တိုက်ပွဲလွန်စွာ ပြင်းထန်နေ

  


        ကချင်ပြည်နယ် အင်ဂျန်ယာန် မြို့နယ်၊ဆွန်ဒွန်းဘွမ်တွင် KIA နှင့် အကြမ်းဖက်စစ်တပ်တို့ ယနေ့နံနက်     ၇ နာရီအချိန်ကစပြီး တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

        အင်အား ၁၇၀ မျှရှိသော ခ.လရ (၃၈၉) နှင့် ခ.မ.ရ (၄၀) ပူးပေါင်းတပ်တို့က KIA တပ်ရင်း(၄) ထိန်းချုပ် နယ်မြေသို့ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည်။

    အဆိုပါ အကြမ်းဖက် စစ်ကြောင်းအားKIA တပ်ဖွဲ့တို့ ချောင်းမြောင်း နေသည်မှာ၃ ရက်ရှိပြီဖြစ်ပြီး ယနေ့ နံနက်တွင် ဆွန်ဒွန်းဘွမ် နေရာ၌ ပိတ်ဆို့ တိုက်ခိုက်ခြင်းဖြစ်သည်ဟု KIA နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

        ယခု သတင်းရေးသားနေချိန်ထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှု ပြင်းထန်နေပြီး ထိခိုက်ကျဆုံးမှု သတင်းကိုမူအတည်ပြုနိုင်ခြင်းမရှိသေးပါ။

        နိုဝင်ဘာ ၄ ရက်နေ့တွင်လည်း အဆိုပါအကြမ်းဖက် စစ်ကြောင်းကို တန်ဘောင်ယာန်ရွာအထက်တွင် KIA တို့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးသည်။

Post a Comment

0 Comments