KIA အမှတ် ၁ တပ်ရင်းရဲ့ သတိပေးထုတ်ပြန်ချက်

 

STATEMENT OF K.I.A

        စစ်ကောင်စီက တိုင်းပြည်အာဏာကို သိမ်းပြီးတဲ့နောက်ပိုင်း ဗန်းမော်ခရိုင်အတွင်း လောင်းကစားရုံ နဲ့ မူးယစ်ဆေးဝါး သုံးစွဲရောင်းချမှုပိုမိုများပြားလာပြီး ခိုးဆိုးလုယက်မှုတွေလည်း နေ့စဉ် ရက်ဆက် ဆိုသလို ဖြစ်ပွားလျက်ရှိနေတာကြောင့် KIA အမှတ် ၁ တပ်ရင်းမှအချက် ၂ ချက်ပါတဲ့ သတိပေးစာကို ယနေ့နိုဝင်ဘာလ
 ၂၂ ရက် နေ့စွဲနဲ့ ထုတ်ပြန် လိုက်ပါတယ်။
 
၁။ မူးယစ်ဆေးဝါးရောင်းချခြင်း
 
၂။ လောင်းကစားရုံများဖွင့်ပြီး စစ်ကောင်စီထောက်တိုင်များကို ခိုင်မာအောင် ကူညီခြင်း
 
        စသည်တို့ကို လုံးဝ (လုံးဝ) မပြုလုပ်ရန် နဲ့အပြီးအပိုင် ပိတ်သိမ်းရန် တားမြစ်လိုက်ကြောင်း နဲ့တားမြစ် ချက် တွေကို ဖောက်ဖျက်ကျူးလွန်ပါက ပြင်းထန်တဲ့ အကျိုးဆက်တွေကိုခံစားရမှာ ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
 
#KIA #Statement 
The 7Stars News

Post a Comment

0 Comments