ကေအိုင်အေ တပ်စခန်းအား စကစ အကြမ်းဖက်တပ်မှ တိုက်လေယာဥ် ၂စင်းဖြင့်ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသအခြေစိုက် ကေအိုင်အေ အမှတ် (၂၆) တပ်ရင်း တပ်စခန်းအား အကြမ်းဖက် စစ်ကောင်စီ တပ်မှ ယခုမနက်ဝေလီဝေလင်းအချိန်တွင် ဂျက်ဖိုက်တာ (၂)စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

မိတ္ထီလာအခြေစိုက် အကြမ်းဖက်လေတပ်စခန်းမှ ဂျက်ဖိုက်တာ ၂စင်းဖြင့် မနက် ၁း၀၀နာရီခန့်အချိန်တွင်တစ်ကြိမ်၊ ၂း၃၀မိနစ်အချိန်ခန့်တွင်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်တိုင်တိုင်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရသည်။

(၂)ကြိမ်တိုင်တိုင် တိုက်ခိုက်ခံရသော်လည်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။


Photos : iNternet


#7stars_News

Post a Comment

0 Comments