ယမန်နေ့ညနေပိုင်း စစ်အုပ်စုတို့၏ သင်္ဘောပစ်ခတ်ခံရမှုတွင် ၂ ဦးသေဆုံးပြီး ၁၂ ဦး ဒါဏ်ရာပြင်းထန်စွာရရှိ

 


        စစ်လက်နက်ခဲယမ်းများ နှင့် စစ်သားအင်အား၁၀၀ ကျော်ကို တင်ဆောင်လာသည့် "ပုံညာ”အမည်ရှိ သင်္ဘော နှင့် "ပေါက်တန်” အမည်ရှိသင်္ဘော ၂ စီး သည် ကသာမှ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဗန်းမော်သို့ ဆန်တက်လာရာ ရွှေကူမြို့နယ် ဘိုကုန်းကျေးရွာအထက် စစ်ကုန်းကျွန်းအရောက်တွင် ယမန်နေ့ညနေပိုင်း 
၄ နာရီ ၅၇ မိနစ်အချိန်၌ ရွှေကူ PDFတို့၏ ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။
 
        ရွှေကူ PDF တပ်ဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် စောင့်ကြိုပစ်ခတ်ခြင်း ဖြစ်ပြီး "ပေါက်တန်”အမည်ရှိ သင်္ဘောကို ဒုံး ၂ လုံးထိမှန်ခဲ့တာဖြစ်ကြောင်း သိရသည်။အမည်မဖော်လိုသော မျက်မြင် တစ်ဦးက...
 
"သင်္ဘော ၂ စီးထဲက အနောက်က တစ်စီးကိုကျည်ထိမှန်တယ်။ သင်္ဘောပေါ်က မီးခိုးတွေအလိပ်လိုက်
အလိပ်လိုက် တက်လာတယ်။ ကျွန်တော်ထင်တာ မြှုပ်တော့မယ်ပေါ့။ အဲ့ဒီပစ်ခတ်ခံရတဲ့နေရာမှာအကြာ ကြီးရပ်နေတယ်။နောက်တော့ ဖြည်းဖြည်းချင်းပြန် ဆန်တက်သွားတယ်။” ဟု 7stars News ကိုပြောသည်။
 
အဆိုပါဖြစ်စဉ် နှင့် နီးစပ်သူတစ်ဦးကလည်း ယခုကဲ့သို့ အတည်ပြုပြောဆိုသည်။ 
"ပေါက်တန် ဆိုတဲ့ သင်္ဘောကို ဒုံး ၂ လုံးထိမှန်တယ်။ တစ်လုံးက သင်္ဘော ဦးပိုင်းကိုထိတယ်။ နောက်တစ်လုံးက ကိုယ်ထည်မှာထိမှန်တာပါ။” ဟု ဆိုသည်။
 
        စစ်ကောင်စီ သင်္ဘော ၂ စီးမှ ၁ စီးကို ဒုံးထိမှန်ခဲ့သော်လည်း ည ၈ နာရီအချိန်တွင်ရွှေကူမြစ်ဆိပ်သို့  ဆိုက်ကပ် နိုင်ခဲ့ကြောင်းသိရသည်။PDF တို့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့်ပေါက်တန် သင်္ဘောပေါ်မှ စစ်သား ၉ ဦးထိခိုက်ဒါဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီးသင်္ဘောသား ၂ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်နက်ခဲယမ်းများနှင့် ရိက္ခာပစ္စည်းများကိုရွှေကူအခြေစိုက် ခ.လ.ရ (၅၆) တပ်မှ ညတွင်းချင်း လာရောက် သယ်ဆောင်သွားပြီးဒဏ်ရာရသူများကို လူနာတင်ယာဉ် ၃ စီးဖြင့် ရွှေကူ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဆက်လျက် သိရှိရသည်။
 
        ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်တို့၏ ထောက်ပို့ သင်္ဘောများ ရံဖန်ရံခါပစ်ခတ်ခံရမှု ရှိသော်လည်း စစ်ရိက္ခာ နှင့်လက်နက် ခဲယမ်းများကို သင်္ဘောဖြင့်သာဆက်လျက် ပို့ဆောင်လျက် ရှိနေသည်။
 
Photo : iNternet
The 7Stars News

Post a Comment

0 Comments