အသက် (၆၂) အရွယ်အဖွားအိုကို အကြမ်းစစ်တပ် ​ခမရ (၃၃၆) တပ်မှ စစ်သား ၁ ဦး အဓမ္မပြုကျင့်

 

အဓမ္မပြုကျင့်ခံရသည့် အသက် ၆၂ အရွယ် အမျိုးသမီး

        ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နမ့်ဖလွန်ကျေးရွာအုပ်စု ဖာခေတ်ကျေးရွာရှိ အသက် ၆၂နှစ် အရွယ် အမျိုးသမီးကိုစစ်ကောင်စီတပ်မှ စစ်သား ၁ ဦးက ယမန်နေ့ညနေခင်း ၂ နာရီအချိန်တွင် အဓမ္မပြုကျင့်
ခဲ့ကြောင်း သတင်းရရှိသည်။
 
        ဒေါ်___ သည် တောင်ယာရှိ တဲ အတွင်းနာမကျန်းဖြစ်၍ လဲလျောင်းနေစဉ်ရှုခင်းသာတွင် တပ်နေရာ
ချထားသော ခ.မ.ရ (၃၃၆) မှ တပ်သား ၃ ဦးရောက်လာကာ ဟင်းသီးဟင်းရွက် လာတောင်းသောကြောင့် ဒေါ်___ မှ ကြောက်ကြောက်ဖြင့် ပဲပုပ်အချို့ နှင့် ပဲလိပ်ပြာရွက် အချို့ပေးလိုက်သည်ဟု ဆိုသည်။
 
        ယင်းနောက် စစ်သား ၃ ဦး လှည့်ပြန်သွားရာ ဒေါ်_____ သည် တောင်ယာတဲ အတွင်းမနေရဲ သဖြင့် 
 တဲအပြင်၌ ထိုင်နေစဉ်စစ်သားတစ်ယောက်ရုတ်တရက်ရောက်ချလာပြီး အနောက်မှချုပ်ကိုင်ကာတဲအတွင်း သို့ တရွတ်တိုက် ဆွဲခေါ်သွား ပြီး အဓမ္မပြုကျင့် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
 
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရာ အမည်မဖော်လိုသူ တစ်ဦးက...
"အဲ့ဒီယာတဲမှာ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးနဲ့ တခြားအမျိုး သမီး ၁ ယောက် ရှိသေးတယ်။
စစ်သားတွေ ရောက်မလာခင် အမျိုးသမီး ၁ ယောက်က တစ်ဖက် ယာတောထဲ ဆင်းပြီး ဝက်စာ 
သွားရှာတာ။သိပ်မကြာဘူး စစ်သား ၃ ယောက် ရောက်လာကြတယ်။ သူတို့က ဟင်းလိုက်ရှာတာ
လို့ပြောတယ်။ဒေါ်______ က ပဲပုပ် နဲ့ ပဲလိပ်ပြာရွက်တွေပေးလိုက်တယ်။ အဲ့ဒီနောက် စစ်သား ၃
ယောက်က လှည့်ပြန်သွားတယ်။ဒေါ်____ က တဲ ထဲ တစ်ယောက်တည်းမနေရဲဘူး။ အပြင်မှာထွက် ထိုင်နေတယ်။အဲဒီအချိန်မှာပဲ စစ်သား တစ်ယောက်ကရောက်လာပြီး ဒေါ်_____ ကို အတင်းချုပ်ပြီး 
တဲထဲ ဆွဲခေါ်သွားတာ။
ဒေါ်___ ကလည်းအတင်းရုန်း ကန်အော်ဟစ်တယ်။ ဒါပေမဲ့ အင်အားမမျှတော့တဲထဲ ရောက်သွားတာပေါ့။
စစ်သားက တဲထဲရောက်တာနဲ့ အဓမ္မပြုကျင့် တယ်။အဲ့ဒီစစ်သားက စောနက ဟင်းလာတောင်းတဲ့ အထဲက တစ်ယောက်ပဲ။
ဒီလိုနဲ့ အဓမ္မပြုကျင့်နေချိန်မှာပဲ ဝက်စာသွားရှာတဲ့ အမျိုးသမီးရောက်လာတယ်။အထဲက အမျိုးသမီးရဲ့ အော်သံကြားတော့ဘာဖြစ်တာလဲ ဆိုပြီးအော်မေးတယ်။ငါ့ကိုစစ်သား တစ်ယောက် အဓမ္မပြုကျင့်နေတယ် ဆိုပြီးအော်တယ်။ အမျိုးသမီးကဝက်စာချပြီး တဲ တံခါးတွန်းဖွင့်ပြီ ကြည့်လိုက်ချိန် နှစ်ယောက်လုံး ကိုယ်လုံးတီးနဲ့ ဖြစ်နေတာကို တွေ့ပြီး ကြောက်လန့်တကြားအော်ဟစ်ပြီး ရွာထဲ ပြေးသွားတယ်။
မကြာဘူး ရွာက လူတွေ ရောက်လာကြတာပဲ။ ကျိုးကြောင်းမေးမြန်းကြတယ်။ညနေပိုင်းရောက်တော့ စစ်တပ်ထဲကအရာရှိတွေရောက်လာပြီး ပြဿနာကိုလာဖြေရှင်းကြတယ်။ကျွန်တော်မျက်မြင်တော့ မဟုတ်
ဘူး။ ခုပြောနေတာတွေက စစ်ချက်တွေကိုပြန်ပြီးပြောပြတာပါ။”ဟု 7stars News ကို ပြောသည်။ 
 
        အဓမ္မပြုကျင့်ခံရသော အမျိုးသမီးတွင်လင်ယောကျ်ား နှင့် သားသမီး ၃ ဦးအပြင်မြေး ၅ ဦးရှိကြောင်း သိရသည်။အဓမ္မပြုကျင့်သူမှာ တပ်သား မြင့်မြင့်စိုး(အသက် ၂၂ နှစ်)ဆိုသူဖြစ်ပြီး ယခုအချိန်တွင် ၎င်း၏ အထက်အရာရှိ တပ်ရင်းမှူးနေလင်းအောင်မှ ယင်းပြဿနာကို ဖြေရှင်းပေးလျက်ရှိသည်။
 

Post a Comment

0 Comments