မုံးကိုး ဖောင်းဆိုင် ဒေသတွင် MNDAA နှင့် အာဏာလုတပ်တို့ တိုက်ပွဲလွန်စွာပြင်းထန်နေ

 

         
 
        ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ် ဖောင်းဆိုင်ကျေးရွာအထက်ရှိ ခရစ်ယာန် ဆုတောင်းတောင်ပေါ် တွင် တပ်စိုက်ထားသေ  MNDAA တပ်စခန်းကို အာဏာလုစစ်တပ်မှယနေ့ညနေပိုင်း ၃:၄၅ နာရီအချိန်ကစပြီး
လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်နေလျက်ရှိကြောင်း သတင်းရရှိသည်။
 
        အာဏာလုတပ်ဖွဲ့တို့ မုံးကိုးဗျူဟာ နှင့် သံလွင်မြစတစ်ဖက်ခြမ်းတို့မှ ၁၂၀ မမ အပြင် တင့်ကား တို့ကိုပါ အသုံးပြုပြီး MNDAA တပ်ရင်း ၃၁၁ တို့၏ တပ်စခန်းကို အသည်းအသန် တိုက်ခိုက်နေခြင်းဖြစ်သည်တိုက်ပွဲ နှင့် ပတ်သက်ပြီး ဒေသခံတစ်ဦး 7stars News ကို ယခုလိုပြောသည်။
 
        "ညနေ ၄ နာရီမထိုးခင်ကတည်းက လက်နကကြီးတွေ ပစ်နေပြီ။ ဒီည ပစ်တဲ့ လက်နက်ကြီသံတွေက အရင်ကနဲ့ မတူဘူး။ အသံလည် အရမ်းကျယ်တယ်။ ကျွန်တော်တို့ နေတဲ့နေရာနဲ့အတော်လှမ်းပေမဲ့ ဒီအထိ မြေကြီးတောင်တုန်တယ်။ ပြည်သူတွေက အရမ်းထိပ်လန့်နေလို့ မန်ခါးရွာ၊ ပဝန်ရွာ၊ ကျိန်ထုံရွာ နဲ့ ဟိုတောင်
ရွာ ပြည်သူတွေက စစ်ဘေးရှောင်ဖို့ တိုင်ပင်နေကြတယ်။" ဟုဆိုသည်။
 
        ည ၇ နာရီအချိန်တွင် အာဏာလုအုပ်စု တပ်၉၉ မှ အင်အား ၃၀၀ခန့်  ဖြင့် ထိုးစစ်ဆင်လာသည်ဖြစ်ရာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုမှာ ယခုသတင်းရေးသားချိန်အထိ ပြင်းထန်လျက်ရှိနေကြောင်း စစ်မြေပြင် သတင်းရင်းမြစ်မှ သိရသည်။အဆိုပါ MNDAA တပ်စခန်းကို သိမ်းပိုက်နိုင်ဖို့အာဏာလုစစ်တပ်မှ ကြိုးပမ်းနေသည်မှာနှစ်လ မျှရှိပြီဖြစ်ပြီး စစ်ကြောင်း နှစ်ကြောင်းအထိစတေးခဲ့ပြီးဖြစ်သည်။
 
#MNDAA #KOKANG

Post a Comment

0 Comments