အာဏာလုစစ်အုပ်စု စစ်ကြောင်းနှင့် KIA တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေ

 

        ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နောင်းမီကျေးရွာဟောင်းအလွန် ဒေါ့လောင်တောင်တွင် ယနေ့ နံနက်ပိုင်း ၁၀:၅၀ နာရီအချိန်ကစပြီး KIA နှင့် အာဏာလုစစ်တပ်တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွား လျက်ရှိနေကြောင်း သတင်းရရှိသည်။စစ်ကား ၄၀ ကျော်မျှရှိသော အာဏာလုတပ်ဖွဲ့ စစ်ယာဥ်တန်းကို
 KIA တို့ အသင့်စောင့်​ကြို တိုက်ခိုက်ရာမှ တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
 
        ယခု သတင်းရေးသားနေချိန်အထိ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ပြင်းထန်နေပြီး KIA ဘက်မှ 
တိုက်ပွဲ အလျင်အမြန်ပြီးဆုံးရန် စီစဉ်ထားသည့် စစ်နည်းမဟာဗျူဟာအတိုင်း အာဏာလု စစ်ကြောင်းကို 
ဝန်းရံတိုက်ခိုက်လျက် ရှိနေကြောင်း  သိရှိရသည်။
 
 
        တိုက်ပွဲအတွင်း အာဏာလုတပ်ဖွဲ့ တို့ အတုံးအရုံးကျဆုံးလျက်ရှိနေကြောင်းသိရသော်လည်း
အသေးစိတိအချက်အလက်ကိုမူ 7starsNews အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။ ယနေ့ နံနက် 
၇:၃၀ နာရီအချိန်တွင်လည်းနောင်းမီအလွန် ကြက်ဥတောင်အနီးတွင် အာဏာလုတပ်ဖွဲ့ ယာဥ်တန်းကို 
KIA တို့ဖြတ်တိုက်ခဲ့ခြင်းကြောင့် စစ်အုပ်စုဘက်မှရဲဘော် ၂ ဦး ကျဆုံး ခဲ့သည်။
 
#KIA  #KACHIN  
#The 7stars News

Post a Comment

0 Comments