KIA တပ်ရင်း ၂၆၊ ၃၅ တပ်စခန်းတို့ကို အာဏာလု လေတပ်မှ ဂျက်ဖိုက်တာ ၂ စင်းဖြင့် တိုက်ခိုက်

 


        ကချင်ပြည်နယ် အင်းတော်ကြီးဒေသ မိုင်းနောင်အနောက်ဘက်ခြမ်းရှိ KIA တပ်မဟာ ၉ လက်အောက် တပ်ရင်း ၂၆ တပ်စခန်းကိုအာဏာလုလေတပ်မှ ယနေ့ နေခင်း ၁၂:၀၀နာရီအချိန်တွင် ဂျက်ဖိုက်တာ ၂ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
     
        KIA တပ်ရင်း ၂၆ တို့မူ ဂျက်ဖိုက်တာဖြင့်တိုက်ခိုက်လာမည်ကို ကြိုတင် သတင်းရရှိထားခြင်းကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒါဏ်ရာ ရရှိမှုမရှိသလို တပ်စခန်းလည်းထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
 
ဒေသခံပြည်သူ တစ်ဦးက...
"ဂျက်ဖိုက်တာ ၂ စီး ပျံသန်းလာတာ တွေ့ရတယ်။ မကြာဘူး တောင်တန်းပေါ်မှာ မီးခိုးလုံးတွေ အုံလိုက် ထလာတာ မြင်ရတယ်။ဗုံးကြဲပြီးတာနဲ့ မြစ်ကြီးနားဘက်ကို လေယာဉ်နှစ်စင်းလုံး ဦးတည်ပျံသွားတယ်။”ဟု
7stars News ကို ပြောသည်။ အာဏာလုတပ်ဖွဲ့ လေတပ်မှ ယင်းသို့ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အနီးအနားရှိ ပြည်သူများထိပ်လှန့် ကြောက်ရွံ့ခဲ့ရသည်ဟု ဆိုသည်။
 
ယမန်နေ့ည သန်းခေါင်ယံအချိန်တွင်လည်း   အာဏာလုလေတပ်မှ KIA တပ်ရင်း ၃၅ တပ်စခန်းတည်တောင် ကို ဂျက်ဖိုက်တာ ၂ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးသည်။ အဆိုပါ အာဏာလုလေတပ်မှ အသုံးပြုနေသော
ဂျက်ဖိုက်တာများမှာ Yak-130 အမျိုးအစားဖြစ်ပြီး ၂၀၁၇-၂၀၁၈ အတွင်း မြန်မာပြည်သို့ ၁၂ စင်း တင်ပို့ခဲ့တာဖြစ်သည်။
 
 

#KIA #KACHIN

Post a Comment

0 Comments