KIA, PDF ပူးပေါင်းတပ်တို့ အာဏာလုစစ်အုပ်စု စစ်ကြောင်းကို ဖြတ်တိုက်၊ စစ်အုပ်စုတို့ အထိနာ

 

        ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိဝရာဇွတ်ကျေးရွာ တရုတ်တံတားအနီး၊ စစ်ကြောင်းချီလာသော အာဏာလုစစ်အုပ်စု တပ်ဖွဲ့အား KIA နှင့် PDF ပူးပေါင်းတပ်တို့က ယနေ့ နံနက်ပိုင်း ၁၀:၀၀ နာရီအချိန်ခန့်တွင်
ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
        အင်အား ၂၀၀ မျှရှိသော အာဏာလုအုပ်စု စစ်ကြောင်းအား KIA နှင့် PDF တို့ ဆွဲမိုင်းဖြင့်ကြားဖြတ် တိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။စစ်အုပ်စု ဘက်မှ ထိခိုက်မှုရှိသဖြင့် အရပ်လေးမျက်နှာသို့ လက်နက်ကြီး၊လက်နက်ငယ်များရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများး၏ နေအိမ် ၃ လုံး လက်နက်ကြီး ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။အာဏာလု စစ်အုပ်စု ဘက်မှ ထိခိုက်ကျဆုံးမှုများပြားသည်ဟု မြေပြင်သတင်းအရသိရသော်လည်း အချက်အလက်အတိအကျကိုမူ7stars News မှ အတည်ပြု နိုင်ခြင်း မရှိသေးပေ။
 
       ယခုရက်ပိုင်းအတွင်း တနိုင်းမြို့နယ် နှင့် မိုးကောင်း မြို့နယ် တို့တွင် KIA နှင့် အာဏာလုစစ်အုပ်စုတို့ နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
#KIA #PDF 
#The 7stars News

 

Post a Comment

0 Comments