KIA + PDF တို့ အာဏာလုတပ်ဖွဲ့ စစ်ယာဉ်တန်း ကို စောင့်ကြိုတိုက်ခိုက်၊ တိုက်ပွဲပြင်းထန်

 


        ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဒွန်ဘန်ကျေးရွာ နဲ့ ဒွန်ဘုံကျေးရွာကြားရှိ ဆိုင်လင်းချောင်း
အနီးတွင် တနိုင်းကနေ မြစ်ကြီးနားဘက်ကိုဦးတည်လာတဲ့ အာဏာလုတပ်ဖွဲ့စစ်ယာဉ်တန်းကို  KIA နဲ့ PDF တို့ ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်း၉:၄၅ နာရီအချိန်မှာ အသင့်စောင့်ကြိုတိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား
ခဲ့ကြောင်း သတင်းရရှိပါတယ်။


        စစ်ကား ၄၀ စီးပါဝင်တဲ့ အာဏာလုတပ်ဖွဲ့ စစ်ယာဉ်တန်းမှာ တနိုင်း ဒ.က.စ ကနေ မြစ်ကြီးနားသို့ တပ်ခေါက်လာစဉ် လမ်းခုလပ်မှာပင် KIA နဲ့ PDF တို့ရဲ့စောင့်ကြို တိုက်ခိုက်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ စစ်ယာဉ်တန်းမှာ ခ.လ.ရ (၂၉၇)၊ခ.လ.ရ (၂၉၈) နဲ့ ခ.မ.ရ (၈၆) တပ်ရင်းတို့ပူးပေါင်းထားတာဖြစ်ပြီး အင်အား ၂၀၀ မျှ ရှိတယ်လို့ သိရတယ်။


        KIA နဲ့ PDF တို့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့်နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှု ပြင်းပြင်းထန်ထန် ရှိခဲ့ပြီး အာဏာလုတပ်ဖွဲ့ တို့ အတုံးအရုံး ထိခိုက်ကျဆုံးမှု ရှိတယ်လို့  စစ်မြေ ပြင် သတင်းအရ သိရပေမဲ့လည်း အသေးစိတ် အချက် အလက်ကိုမူ 7stars News မှ အတည်ပြု နိုင်ခြင်းမရှိသေးပေ။


        နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို အကြမ်းဖက်စစ်တပ်က လုယူခဲ့ပြီးနောက် မတ်လ ၁၁ ရက်နေ့မှ စပြီး ကချင်ပြည်နယ်တွင် KIA နဲ့ အာဏာလုစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့ဆိုလျှင်(၇) လ တင်းတင်း ပြည့်ပြီ ဖြစ်ပါတယ်။


#KIA_PDF

The 7Stars News

Post a Comment

0 Comments