တနိုင်းမှဆင်းလာသော အကြမ်းဖက်စစ်​ယာဥ်တန်းအား ကေအိုင်အေ မိုင်းခွဲတိုက်ခိုက်။



 
        ကချင်ပြည်နယ်၊ တနိုင်းမြို့ မှ ဂျထူးဇွပ်သို့ ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ယာဥ်တန်းအား ကချင်လွှတ်မြောက်ရေးတပ်မတော် KIA မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
 
        ယနေ့မနက် ၈း၀၀နာရီခန့်အချိန် တနိုင်းမြို့မှ ဂျထူးဇွပ်သို့ဆင်းလာသော အင်အား ၅၀ယောက်ပါသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ကချင်လွှတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း (၄၃)စစ်သည်တို့မှ တိန်ကောက်ရွာအဝင်တွင် မိုင်း ၅လုံးဖြင့် အသင့်စောင့်ကြိုဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်အရာရှိ ဗိုလ်မှူးအဆင့် တစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာ ရရှိသွားကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ
သိရပါသည်။
 
 
        တိုက်ခိုက်ခံရသောစစ်ကြောင်းမှာ တိန်ကောက်အခြေစိုက် ခလရ ၂၉၇ စစ်ကြောင်းဖြစ်ကာ၊တနိုင်းမြို့မှ  အခြေစိုက်တပ်ရင်း (တိန်ကောက်)သို့ အပြန် တိန်ကောက်ရွာအဝင်တွင် ကေအိုင်အေ အမှတ်(၄၃)တပ်ရင်း
 စစ်သည်တို့ အသင့်စောင့်ကြိုမိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#KIA #KACHIN

#The 7stars News

Post a Comment

0 Comments