အကြမ်းဖက်စစ်ကောင်စီ စစ်​ယာဥ်တန်းအား ကေအိုင်အေ မိုင်းခွဲတိုက်ခိုက်။

 


        ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ မြစ်ကြီးနား -ဗန်းမော်ကားလမ်းပေါ် တွင်
စစ်ရေးလှုပ်ရှားနေသော အကြမ်းဖက်စစ်ကောင်စီစစ်ယာဥ်တန်းအား ကချင်လွှတ်မြောက်ရေးတပ်မတော် KIA မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
        ယနေ့မနက် မိုးမောက်ဖက်မှ တက်လာသော အကြမ်းဖက် စစ်ကောင်စီယာဥ်တန်းအား
မြို့သစ်၊ကုန်းလောအလွန် ဒါဆိုင်းရွာအနီးတွင်ကချင်လွှတ်မြောက်ရေးတပ်မတော်(KIA) စစ်သည်
တို့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကား ၂စီးထိခိုက်ပျက်စီးသွားကြောင်း သတင်းရရှိသည်။
 
 
        ထို့အတူ ကေအိုင်အေ တပ်မဟာ ၃ ၊ တပ်ရင်း ၁၅ထိန်းချူပ်ဒေသ လုံဂျာတောင်(Lung Ja Kawng) သို့ အကြမ်းဖက်စစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် တိုက်ပွဲဖြစ်ပွားနေကြောင်း ကနဦး သတင်းရရှိပါသည်။
 
#KIA #KACHIN
#The 7stars News

Post a Comment

0 Comments