အာဏာလုစစ်တပ် ထောင်ထားသောမိုင်း နင်းမိ သဖြင့် ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

 


        ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ဘန်လွမ်း တောင်ခြေ လွယ်ကန်ရွာမှဒေါ် ဒေါဝ်နော နှင့် ဦးသိန်းခေါ တို့ သည်၇. ၁၀. ၂၀၂၁ ရက်နေ့ ညနေပိုင်း ၄:၀၀ နာရီအချိန်တွင် တောတွင်းသို့ ဆေးဥဆေးမြစ်များရှာထွက်ခဲ့ရာ မြေမြှုပ်မိုင်း နင်းမိသဖြင့်ဒေါ်ဒေါဝ်နောမှာ နေရာမှာပင် အသက်သေဆုံခဲ့ပြီး ဦးသိန်းခေါမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး နယ်ခံပြည်သူ တစ်ဦးက...
"၄နာရီကျော်လောက်မှာတောဘက်ပေါက်ကွဲသံကြားတယ်။တိုက်ပွဲများဖြစ်နေလားဆိုပြီးကျွန်တော်တို့စိုးရိမ်နေကြတာ။ ဒါပေမဲ့ပေါက်ကွဲသံတစ်ချက်ပဲဆိုတော့မဟုတ်လောက်ဘူးလို့တွေးတယ်အုပ်ချုပ်ရေးမှူးပြောလာမကျွန်တော်တို့  ရွာသား နှစ်ဦး မိုင်းနင်းမိတယါသိရတယ်။ ဒါဏ်ရရတဲ့သူကိုတော့ ဆေးရုံပို့ထားတယ် သေဆုံးသွားတဲ့ တစ်ယောက်ကိုတော့ ကျွန်တော်တို့ ကောင်းကောင်း သင်္ဂြိုလ်လိုက်ပါပြီ။” ဟု 7stars News ကိုပြောသည်။ 

ထောင်မိုင်း နှင့် ပတ်သက်ပြီး စုံစမ်းကြည့်ရာအဆိုပါ ဒေသတွင် အာဏာလုစစ်တပ်တို့ သာနေထိုင်တာဖြစ်ပြီး KIA တို့ ဝင်ရောက်တိုက်ခိုက်လာမည်ကို စိုးရိမ်ခြင်းကြောင့် မိုင်းများ ထောင်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
ရှမ်းမြောက်ဒေသတွင် မြေမြှုပ်မိုင်းအန္တရာယ်ကိုပြည်သူတို့ ရင်ဆိုင်နေရသည်မှာ ရာစု နှစ်ဝက်ကျော်မျှ ရှိပြီဖြစ်သည်။
 
 
#LAND_MINE #NORTHERN_SHAN_STATE  
The 7Stars News

Post a Comment

0 Comments