အကြမ်းဖက်တပ် စစ်ယာဥ်တန်းအား ကိုးကန့်(MNDAA)တပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်။

 

        ရှမ်းမြောက်ဒေသ၊ မုံးကိုးဖောင်းဆိုင်ဒေသသို့ စစ်အင်အားဖြည့်တင်းလာသော အကြမ်းဖက် စစ်ကောင်စီစစ်တပ် တပ်မ ၉၉ လက်အောက်ခံ စစ်ယာဥ်တန်းအား ကိုးကန့် (MNDAA) တပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါသည်။
 
        တင့်ကားတစ်စီးနှင့် လူ၊ရိက္ခာအပြည့်တင်ဆောင်ထားသည့် စစ်ကား ၂၇စီးပါ ယာဥ်တန်းအား
ယနေ့ ၁၁း၂၀နာရီ ဝန်းကျင်ခန့်တွင် မုံလုံ နှင့် နမ့်ဆူကျေးရွာကြားတွင် ကိုးကန့် (MNDAA)တပ်ဖွဲ့မှ RPG (၄)လုံးဖြင့် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့​ခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရသိရပါသည်။
 
 
ဆက်လက်၍
အကြမ်းဖက်ယာဥ်တန်း တိုက်ခိုက်ခံရပြီးနောက်လွယ်ဂျုံလမ်းခွဲနေရာတွင် လက်နက်ငယ်ပစ်ခတ်သံများ အဆက်မပြတ်ကြားနေရကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရသိရပါသည်။
 
Photo Source : iNternet (File Photo)


Post a Comment

0 Comments