လီဒိုလမ်းမပေါ်တွေ ကျူးကျော်လှုပ်ရှားနေသောအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း KIA၏ ထောင်မိုင်းနင်းမိပေါက်ကွဲ ။

 

 
    ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းလမ်း၊ လီဒိုလမ်းမပေါ်တွင် ကျူးကျော်လှုပ်ရှားနေသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း (တပ်အမှတ်စိစစ်ဆဲ)သည် ကချင်လွှတ်မြောက်ရေးတပ်မတော် အမှတ်(၂၀) တပ်ရင်း စစ်သည်များထောင်ထားသော မိုင်းနင်းမိပေါက်ကွဲခဲ့ကြောင်းသတင်းရရှိပါသည်။ 
 
    ယနေ့နံနက် ၇နာရီဝန်းကျင်ခန့်အချိန်၊ ဆိုင်လင်းချောင်းတလျှောက် ကျူးကျော်လှုပ်ရှားနေစဥ် မိုင်းနင်းမိပေါက်ကွဲခဲ့တာဖြစ်ပြီး၊ မိုင်းနင်းမိပေါက်ကွဲပြီးနောက် အကြမ်းဖက်စစ်တပ်မှ အနီးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်းသိရသည်။ ထိခိုက်သေဆုံးဒဏ်ရာရ အခြေအနေကိုမူ မသိရသေးချေ။
 
    အလားတူ မနက် ၆:၃၀နာရီအချိန်၊ လီဒိုလမ်းမပေါ် ဒွန်ဘုံးချောင်းနေရာတွင် အကြမ်းဖက်စစ်တပ်မှ စစ်ကား ၃စီးဖြင့် အင်အား (၈၀)ခန့် လာရောက် ပို့ဆောင်/ချထားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များအရ သိရပါသည်။
 
 
Photo : iNternet (File Foto)

Post a Comment

0 Comments