အကြမ်းဖက်စစ်ကောင်စီ လက်နက်ခဲယမ်းတင်သင်္ဘောကို KIA ပစ်ခတ်တိုက်ခိုက်။

 

        ကချင်ပြည်နယ်၊ ရွှေကူခရိုင် မန္တလေး-ဗန်းမော်ဧရာဝတီမြစ်ကြောင်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်၏ လက်နက်ခဲယမ်းတင်ဆောင်လာသော အဆန်သင်္ဘောအား ရွှေကူမြို့အနီးတွင် ကချင်လွှတ်မြောက်ရေး တပ်မတော် KIA မှ ပစ်ခတ်တိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
        ယနေ့ညနေ ၃နာရီဝန်းကျင်ခန့်အချိန် စစ်အင်အားလက်နက်ခဲယမ်းတင်ဆောင်လာသော အကြမ်းဖက် စစ်ကောင်စီ၏ ထောက်ပို့သင်္ဘောအား ရွှေကူမြို့အနီးအရောက်တွင် KIA အမှတ် ၅ တပ်ရင်း နှင့် အမှတ် ၁၂ တပ်ရင်းတို့မှ ၁၀၇မမ ရှော့တိုက်ဒုံးဖြင့်ပစ်ခိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီထောက်ပို့သင်္ဘော ၁၀၇မမ (၂)ချက်ထိမှန်ခဲ့ကြောင်းသိရပါသည်။
 
        စစ်ကောင်စီထောက်ပို့သင်္ဘောကို KIA တပ်ရင်း ၅နှင့် ၁၂တို့မှ မြစ်တစ်ဖက်တစ်ချပ်စီမှ တစ်ချိန်တည်းတွင် ပြိုင်တူပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး၊ ထိခိုက်မှုအခြေအနေ အသေးစိတ်
ကိုမူ မသိရသေးချေ။
 
 
Photo : CJ

Post a Comment

0 Comments