မုံးကိုးမြို့နယ် ဖောင်းဆိုင်အနီး MNDAA နှင့် အာဏာလုစစ်အုပ်စုတို့ တိုက်ပွဲဖြစ်

 



 
    ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ဖောင်းဆိုင်ကျေးရွာ အနီး၌ MNDAA တပ်ဖွဲ့ နှင့် အာဏာလု စစ်အုပ်စုတို့ ယနေ့နံနက် ၆:၃၀ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။နာရီဝက်မျှ အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပြီး၈ နာရီနောက်ပိုင်းတွင် ဘန်လုံးတောင် ခမရ၅၄၇ တပ်စခန်းမှ MNDAA နှင့် KIA တို့ စခန်းချရာ တောင်ဘက်သို့ လက်နက်ကြီးများ ဖြင့် ပစ်ခတ်မှု​ပြု ခဲ့ကြောင်း သိရသည်။
 
မုံးကိုးဒေသ တိုက်ပွဲ နဲ့ပတ်သက်ပြီး အမည်မဖော်လိုသော ပြည်သူ တစ်ဦးက...
"ဒီဘက်မှာ တိုက်ပွဲဖြစ်တာ ၃ ရက်ရှိပြီ။
MDAA နဲ့ စစ်တပ်နဲ့ ဖြစ်တာ။ ဒီနေ့မနက်
မှာလည်း တိုက်ပွဲ ဖြစ်တယ်။ တိုက်ပွဲကြောင့်
ဒီနေ့မနက် မန်ယာန်၊ ဘန်မွှေး နဲ့ နောင်ခိုင့်
ကျေးရွာတွေထဲက ပြည်သူ ၁၆၀ ကျော်
လောက်က တရုတ်ပြည်နယ်စပ် ဘန်ဝါရွာ
ဘက်ကိုစစ်ဘေး ရှောင်လာကြရတယ်။” ဟု 7stars News ကို ပြောလာသည်။
 
    တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုစာရင်းကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ မုံးကိုးမြို့ အနီးဝန်းကျင်တွင် MNDAA နှင့်အာဏာလု စစ်အုပ်စုတို့ ဇွန်လိုင်လ ၄ ရက်နေ့ကတည်းက အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေခဲ့တာဖြစ်သည်။
 
 
Video : CJ
The 7Stars News


Post a Comment

0 Comments