ကွတ်ခိုင်မြို့နယ်တွင် KIA နှင့် အာဏာလု စစ်အုပ်စုတိုက်ပွဲပြင်းထန်နေ

 


    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အလွန်ပြည်ထောင်စုလမ်းမ အနောက်ခြမ်း မန်လုံကောင်းလိမ် ရွာအနီးတွင် KIA လှုပ်ရှားတပ်ရင်းအမှတ် (၂၉) တပ်ဖွဲ့ နှင့် အာဏာလု စစ်အုပ်စုတို့ယနေ့နံနက် ၈နာရီအချိန် ကစပြီး တိုက်ပွဲဖြစ်ပွား လျက်ရှိကြောင်း သတင်းရရှိသည်။
 
    ကောင်းလိမ် Helicopter ကွင်းဟောင်း တွင်အာဏာလု စစ်အုပ်စုတို့ စခန်းချရပ်နားနေစဉ်စစ်သား အုပ်ကြားထဲ KIA မှ RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲ နှင့် ပတ်သက်၍ အမည်မဖော်လိုသော ပြည်သူတစ်ဦးက..
 
"ကွတ်ခိုင်-မူဆယ် ပြည်ထောင်စုလမ်းမ အနောက်ဘက်ခြမ်း မန်လုံ ကောင်းလိမ် ဖက်မှာ ပစ်ခတ်နေကြတယ်။ တစ်နာရီလောက် အပြန်အလှန်ပစ်ခတ်ကြတယ်။ ခုတော့ ကွတ်ခိုင် ဗျူဟာကနေ လက်နက်ကြီးပြန်ပစ်နေ တယ်။ခုချိန်ထိပစ်နေ တုန်းပဲ” ဟု ဆိုသည်။နှစ်ဖက်ထိခိုက်ကျဆုံးမှု သတင်းကိုမူ အတည်ပြုနိုင်ခြင်းမရှိသေး သော်လည်း RPG ဖြင့် စစ်သားအုပ်ကြားထဲ ပစ်ခတ်ခံရခြင်းကြောင့် အာဏာလုစစ်အုပ်စုဘက် ထိခိုက်ကျဆုံးမှု များပြားနိုင်သည် ဟုဆိုသည်။
 
    မန်လုံ ကောင်းလိမ် ကျေးရွာပြည်သူများမှာ၂၀၁၆ ကတည်းက ကွတ်ခိုင်မြို့သို့ စစ်ဘေးရှောင်သိမ်းခဲ့သည် ဖြစ်ရာ ယခုချိန်ထိနေရပ် ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ရှမ်းပြည်နယ် မြောက်ပိုင်းတွင်တစ်ပတ် ကျော်မျှ စစ်လှုပ်ရှားမှုများ ရပ်တန့်နေပြီး ယခုတဖန်တိုက်ပွဲပြန်လည် ဖြစ်ပွားခြင်းဖြစ်သည်။
 
 
Photo : Internet
The 7Stars News

Post a Comment

0 Comments