စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် KIA နှင့် PDF ပူးပေါင်းတပ်တို့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့အကျအရှုံးများ

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် သစ်ဆိပ်ကုန်းရှိ အာဏာလု စစ်ကောင်စီ၏ တပ်စခန်းကို KIAနှင့် PDF တို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်မှစ၍ ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း သတင်းရရှိသည်။
ညနေ ၄ နာရီအချိန်ထိ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
တိုက်ပွဲအတွင်း KIA, PDF တို့ တစ်စုံတစ်ရာထိခိုက်မှုမရှိသော်လည်း အာဏာလုစစ်တပ်ဘက်ထိခိုက်ကျဆုံးမှု များပြားခဲ့ကြောင်းသိရသည်။
 
    ထို့အပြင် စကိုင်းမှ ကချင်ပြည်နယ်သို့လက်နက် အင်အားဖြည့်တင်းလာသည့်ကား ၅ စီးကို KIA တပ်မဟာ ၈ တပ်ရင်း၅ တပ်ဖွဲ့ နှင့် ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ကောလင်းအလွန်တွင်ဖြတ်တိုက်ခဲ့ရာ ကား ၃ စီး မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။ကားပေါ်ပါလာသည့် စစ်သားများလည်း ထိခိုက်ကျဆုံးမှု များပြားခဲ့ သည်ဟုသိရသည်။
 
    ထိုသို့ အာဏာလုစစ်တပ်တို့ အထိနာသဖြင့်ကောင်းလင်းမြို့ပေါ်သို့ လက်နက်ကြီးငယ်ရမ်းတမ်းပစ်ခတ်ခဲ့ရာ ပြည်သူများ နေအိမ်ပေါ်သို့ လက်နက်ကျည်များ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
 
    ယမန်နေ့ညတွင်လည်း ကောလင်းမြို့နယ်အရှေ့ခြမ်း ရွာရှည်ကျေးရွာမှ စစ်ကောင်စီသတင်းပေးဒလန်ဟု နာမည်ကြီးသူတစ်ဦးသတ်ဖြတ်ခံခဲ့ရသည်။
 
Photo : Internet
The 7Stars News

Post a Comment

0 Comments