ကောလင်းတိုက်ပွဲအတွင်း ကောလင်းမြို့နယ်မှူး နဲ့ စစ်ကောင်စီတပ် အရာရှိ ၂ ဦး အပြင် တပ်သား ၃၀ ဦးခန့်သေဆုံး

 

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းတွင် KIA တပ်မဟာ ၈ တပ်ဖွဲ့ နဲ့ KLPDF တို့ ပူးပေါင်းပြီး စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေကိုယနေ့ နံနက်ပိုင်း ၁၀ နာရီအချိန်ကစပြီး ဝင်ရောက် တိုက်ခိုက်မှုပြုခဲ့ကြောင်း သိရတယ်။


စစ်ကောင်စီ တပ်ဖွဲ့ဟာ စစ်ကိုင်းကနေကချင်ပြည်နယ်သို့ လက်နက်များ တင်ဆောင်လာတဲ့ယာဉ်တန်းကို လမ်းလုံခြုံရေး ယူပေးနေစဉ်KIA နဲ့ PDF တို့ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာပါ။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ ကောလင်းမြို့နယ်မှူး၊ ခလရ (၁၁၁)မှ အရာရှိတစ်ဦး၊ ခလရ (၁၂၀) မှ အရာရှိတစ်ဦး အပြင် တပ်သား ၃၀ ဦး မျှ ကျဆုံးခဲ့ကာ ဒဏ်ရာရရှိသူလည်း များပြားခဲ့ကြောင်းသိရတယ်။
 

    ထို့အပြင် စစ်ယာဉ်တန်းကိုလည်း ကောလင်းအလွန်မှာ KIA နဲ့ PDF တို့ ဖြတ်တိုက်ခဲ့ရာကား ၃ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှုများပြားတာကြောင့် ကောလင်းမြို့ထဲ လက်နက်ကြီးငယ်များ ရမ်းတမ်း ပစ်ခတ်မှု ရှိခဲ့ပြီး ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ်အချို့ ပျက်စီး
ခဲ့ပါတယ်။


    ယနေ့ တစ်ရက်တာ အတွင်း ကောလင်းအနီး တဝိုက်မှာ KIA, PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။


Photo : CJ

The 7Stars News

Post a Comment

0 Comments