ကောလင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကား (၂) စီး မီးလောင်ပေါက်ကွဲ


    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် တစ်နေရာတွင်KIA နဲ့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLPDF) တို့ပူးပေါင်းပြီး ယနေ့ညနေ ၅ နာရီအချိန်မှာ အာဏာလု စစ်အုပ်စုရဲ့ ယာဉ်တန်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ ကြောင်း သတင်းရရှိပါတယ်။
 
    အဆိုပါ တိုက်ခိုက်မှုကြောင့် အင်အားဖြည့်တင်းလာတဲ့ အာဏာလု စစ်အုပ်စုတို့ရဲ့ စစ်ကား ၂ စီးမီးလောင် ပေါက်ကွဲသွားပြီး အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။အထိနာထားတဲ့ အာဏာလု စစ်အုပ်စု ဘက်ကအင်းအားဖြည့်တင်းမှုကို ဆက်လျက်လုပ်ဆောင်နေပြီး KIA, KLPDF တို့မှာလည်းအောင်ပွဲခံနိုင်ဖို့ရာ အင်တိုက်အားတိုက်ကြိုးပမ်းလျက်ရှိနေကြောင်း ဆက်လျက်ကြားသိရပါတယ်။
 
    တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် ကျဆုံးမှုသတင်းကိုမူ အတိအကျ ရရှိခြင်းမရှိသေးချေ။လွန်ခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့မှာလည်း KIA, KLPDF မဟာမိတ်တပ်တွေနဲ့ အာဏာလု စစ်အုပ်စုတို့ကောင်းလင်းမြို့နယ်သစ်ဆိပ် ကုန်းမှာတိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။
 
Photo : Internet
The 7Stars News

Post a Comment

0 Comments