နမ့်ဖတ်ကာတွင် အာဏာလုတပ်မှ ဗုံးဖောက်ခွဲမှုပြုပြီး ပြည်သူကိုပြန်ညှိုး


    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာကျေးရွာအုပ်စု ရပ်ကွက် (၂)ဆရာတောင်ခန်းမ အနောက်ခြမ်း နမ့်ဖတ်ကာမူရင်းအသင်းတော် စိုက်ခင်းမြေကွက်တွင်ယနေ့နံနက်ပိုင်း ၉:၁၅ နာရီအချိန်တွင်
ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။ထိုဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အမည်မဖော်လိုသော မျက်မြင် တစ်ဦးက 
 
"ဒီမနက် ဗုံးမပေါက်ခင် အဲ့ဒီလမ်းထဲ Vigo 4w ကား နှစ်စီးခပ်ကြမ်းကြမ်းမောင်းလာတယ်။ အဲ့ဒီကားနှစ်စီးက နမ့်ဖတ်ကာမူရင်းအသင်းတော်ပိုင် စိုက်ခင်းမြေကွက် အရောက်အနောက်က ကားပေါ်က စစ်သားတစ်ယောက်
က အိတ်အမည်း တစ်ခုကို အဲ့ဒီခြံထဲ ပစ်ထည့်လိုက်တယ်။ ဗုံးလို့မထင်ခဲ့ဘူး။ ပေါက်ကွဲတော့မှ ကျွန်မတို့ တော်တော်လန့်သွားတယ်။ကျွန်မတို့က စျေးသွားရင်း မျက်မြင်ကြုံလိုက်ရတာပါ။ အဲ့ဒီကားပေါ်ကစစ်သားတွေ ကကျွန်မတို့ ကို သေနတ်နဲ့ချိန်တယ်။ ပြီးတော့ဘာကြည့်လဲ ဆိုပြီးအော်တယ်။ပြီးတော့ ကားကိုတရစပ်မောင်း သွားကြတယ်။” ဟု 7stars News ကို ယခုလိုပြောပါသည်။
 
    နမ့်ဖတ်ကာတွင် ခလရ ၁၂၃ တပ်မှ စစ်သားများသည် Vigo ကားနှစ်စီးဖြင့် တစ်လမ်းဝင် တစ်လမ်းထွက် လှည့်ပတ်နေသည်မှာ ရက်အတန်ကြာပြီဖြစ်ကြောင်း သိရသည်။အမည်မဖော်လိုသည့် နမ့်ဖတ်ကာ ပြည်သူ
တစ်ဦးက
"ဒီနေ့ နေ့ခင်းမှာ ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေအားလုံးကို စစ်တပ်က ခေါ်တွေ့တယ်။ပြီးတော့ ဗုံးဖောက်ခွဲတဲ့ လူတွေကို အမြန်ရှာကြပါ ဆိုပြီး အမိန့်ချတယ်။သူတို့ကိုယ်တိုင်ဖောက်ပြီး ပြည်သူတွေကိုပြန်ညှိုးနေတာလေ။ ဒါကြောင့် ဒီနေ့ စစ်သားတွေ ဗုံးဖောက်ခွဲတာကို မြင်လိုက်ရတဲ့ပြည်သူတွေအတွက် စိုးရိမ်သွားတယ်။သူတို့က နှုတ်ပိတ်ဖို့အထိတောင် လုပ်လာနိုင်တယ်လေ။ ဒါကြောင့် ကျွန်တော်တို့သုံးလေးယောက် တိုင်ပင်ပြီးသူတို့တွေ ကိုလုံခြုံတဲ့ နေရာမှာ သွားပို့ထားတယ်။” ဟုပြောပါသည်။ 
 
    နမ့်ဖတ်ကာ ဗုံးပေါက်ကွဲမှုတွင် ​တစ်စုံတစ်ဦးမျှထိခိုက်ဒါဏ်ရာ ရရှိခြင်းမရှိခဲ့သော်လည်းဒေသခံပြည်သူများ က ၎င်းတို့၏ အသက်အိုးအိမ် လုံခြုံမှုမရှိသည့် အခြေအနေဖြစ်နေသည့်အတွက် စိုးရိမ် ပူပန်နေကြပါသည်။
စစ်တပ်မှ ၎င်းတို့ကိုယ်တိုင် ဗုံးဖောက်ခွဲမှုပြုပြီးပြည်သူတွေကို မတရားဖမ်းဆီး နှိပ်စက်လာမည်ကိုလည်း ကြောက်လန့်နေကြပါသည်။
 
 
Photo : Internet

Post a Comment

0 Comments