မန္တလေး PDF တပ်ခွဲရုံးနေရာကို စစ်ကောင်စီမှ ဝင်စီး


စစ် ေကာင်စီစစ်တပ်မှ တင့်ကားများအသုံးပြု ချီတက်လာပုံ

မန္တလေးမြို့ ၅၄ လမ်းရှိ မန္တလေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တပ်ခွဲ တစ်နေရာကို ယနေ့ နံနက်ပိုင်း (၈)နာရီ ခွဲအချိန်မှာ စစ်ကောင်စီက စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရတယ်။ (၅၄) လမ်းပေါ်ရှိ PDF တပ်ခွဲတို့ စုဝေးရာ အဆောက်အဦးထဲ စစ်ကောင်စီတို့ ဝင်စီးခဲ့တာ မှန်ကန်ပြီး လက်နက်များကိုလည်းသိမ်းဆည်းသွားကြောင်း People Defense Force - MDY- PDF Facebook Page ကနေအတည်ပြု ထုတ်ပြန်ထားပါတယ်။

PDF တပ်ဖွဲ့ဝင်များ မည်၍ မည်မျှ ထိခိုက်ကျဆုံးခဲ့သည်ကိုမူ အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။ ပြင်ပက PDF - MDY များ နဲ့ မိတျဖက်တပ်တို့ဝင်ရောက်ကူညီမှုများရှိခဲ့ရာမှာလည်း ထိခိုက်ကျဆုံးမှုများ ရှိတယ်လို့ သိရပေမဲ့ အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ၎င်းတို့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးမှုများပြားခဲ့တယ်လို့ ဆိုကြပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။မန္တလေးမြို့ PDF တပ်ဖွဲ့များ စီးနင်းခံရမှုဟာဒလန်များရဲ့ သတင်းပေးမှုကြောင့် ဖြစ်တယ်
လို့လည်း ဆိုနေကြပါတယ်။


မြန်မာ တစ်နိုင်ငံလုံးရဲ့ နယ်မြေဒေသအတော်များများမှာ စစ်ကောင်စီတပ်နဲ့ မြို့ခံ PDF တို့ကြားတိုက်ခိုက်မှု များရှိနေရာ မန္တလေးမြို့မှာ ယနေ့ ပထမဆုံး ထိတွေ့မှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

 


Photos: CJ



Post a Comment

0 Comments