မင်းကင်းမြို့နယ်တိုက်ပွဲ အကြမ်းဖက်တပ်သား ၁၅ ဦး သေ၊ PDF ၁ ဦးကျဆုံး၊ ၃ ဦး ဒဏ်ရာရ။

 


    ဇွန်လ ၂၄ရက်နေ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ စမြင်းကြီးကျေးရွာနှင့် သံပေါက်ကျေးရွာတို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ၁ ဦး ကျဆုံးကာ ၃ ဦး ဒဏ်ရာရကြောင်း သတင်းရရှိပါသည်။
 
    ဇွန်လ ၂၄ ရက် နံနက်ပိုင်းတွင် စမြင်းကြီးကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီမှ ဝင်ရောက်ရှာဖွေ ဖျက်ဆီး ရာမှ PDF နှင့်တိုက်ပွဲ ပြင်းထန်ခဲ့သလို ညနေပိုင်းတွင်လည်း သံပေါက်ရွာအနီး၌ တိုက်ပွဲထပ်မံဖြစ်ပွား ခဲ့ကြောင်း သိရသည်။
 
    "သူတို့ဘက်က အင်အားက ၅၀ လောက်ရှိမယ်၊ တိုက်ပွဲက ပြင်းထန်တယ်၊ ဒီနေ့ စစ်ခွေး ၁၅ ယောက်သေ တယ်၊ ပျူစောထီးတွေလည်း ပါမယ်၊ သူတို့ အထိနာပြီး သံပေါက်ရွာဘက်ကို ပြန်ဆုတ်သွားတယ်" ဟုမင်းကင်း PDF က ဆိုသည်။လက်ရှိ မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာခန့်မှ ပြည်သူများ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၁၀ ရက်ခန့် ရှိနေပြီး အစားအသောက်နှင့် အမိုး အကာများ လိုအပ်လျှက်ရှိ သည်ဟု ‌သိရပါသည်။
 
 
Photo : Google Map
 
The 7Stars News

Post a Comment

0 Comments