ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာအနောက်ခြမ်း မန်လုံရွာဟောင်း အနီးတွင် KIA နှင့် စစ်အုပ်စု တိုက်ပွဲပြင်းထန်

 

 

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နမ့်ကွတ်ကျေးရွာ အနောက်ခြမ်း မန်လုံရွာဟောင်းအနီးတွင် KIA အမှတ် (၂၉) လှုပ်ရှားတပ်ရင်း တပ်ဖွဲ့များ နှင့် အာဏာလု စစ်အုပ်စုတို့ ယနေ့ညနေပိုင်း ၄ နာရီအချိန်မှ ၅:၃၀ နာရီအချိန်ထိ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
 
    KIA တပ်ရင်း ၂၉ တပ်ဖွဲ့တို့ သွားလာလှုပ်ရှားလျက်ရှိသည့် အနီးသို့ အာဏာလု စစ်အုပ်စုတပ်ဖွဲ့ဝင်များ တိုးဝင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။တိုက်ပွဲတွင် KIA တို့ ​ အင်တိုက် အားတိုက်ဖြင့်ဖိဖိစီးစီး တိုက်ခိုက်ခြင်းကြောင့် အာဏာလုစစ်အုပ်စုတို့ လွန်စွာ အထိနာမှုရှိပြီး ကွတ်ခိုင်
အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ကူခဲ့ရသည် ဟု ဆိုသည်။
 
    နှစ်ဖက်ထိခိုက် ကျဆုံးမှုသတင်းကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပါ။ကွတ်ခိုင်မြို့နယ် အနီးတဝိုက်တွင် KIA အပြင်MNDAA, TNLA တို့လည်း လှုပ်ရှားလျက်ရှိရာနေ့စဉ်ရက်ဆက် ဆိုသလို တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။
 
 
Photo : Source Internet

Post a Comment

0 Comments