မိုးညှင်းမြို့အနီးတွင် အာဏာလု စစ်အုပ်စု စစ်ယာဥ်တန်းကို KIA မိုင်းဆွဲတိုက်ခိုက်

 
စစ်ကားများ မီးေလာင်ေနကပုံ

    ကချင်ပြည်နယ် မိုးညှင်းမြို့အနီး ညောင်ကုန်းရွာ နှင့် ကွင်းကြီးရွာကြား အဝေးပြေးလမ်းမပေါ်တွင် အာဏာလု စစ်အုပ်စု၏ စစ်ယာဥ်တန်းကို ယနေ့ည ၆ နာရီအချိန်မှာ KIA က မိုင်းဆွဲကာပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
    "ဗုံး ၃ ကြိမ် ပေါက်တယ်။ အတော်ပြင်းတယ်။ဗုံးသံကြားပြီးတဲ့နောက် အပြန်အလှန်ပစ်ခတ်သံတွေကို ကြားရ တာပဲ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက 7stars News ကိုပြောပါသည်။တိုက်ပွဲမှာ ၂၅ မိနစ်မျှသာ ဖြစ်ခဲ့ပြီး KIA ဘက်ကအာဏာလုတပ်ဖွဲ့ ယာဉ်တန်းကို ပြောက်ကြားနည်းဖြင့် မိုင်းဆွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။
 
KIA တို့၏ ဆွဲမိုင်းဖြင့် တိုက်ခိုက်ခြင်းကြောင့်စစ်အုပ်စုကားနှစ်စီးပျက်စီးခဲ့ပြီး ကားပေါ်ပါလာသည့် စစ်သားများ အတော်အထိနာခဲ့သည်ဟုဆိုသော်လည်း ထိခိုက်ကျဆုံးမှု စာရင်းကို အတည်ပြုနိုင်ခြင်းမရှိပါ။
 
 
 
Photo: CJ

Post a Comment

0 Comments