မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားစုပေါင်းဂိတ်ကို KIA နှင့် PDF ပူးပေါင်းတပ်တို့ စီးနင်းကာ စခန်းကို မီးရှို့ ဖျက်ဆီးခဲ့


    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နှင့် ဝိုင်းမော်မြို့ကိုဆက်သွယ်ထားသည့် ဗလမင်းထင်တံတားအထက် စစ်ကောင်စီတပ်အထိုင် မိုင်းနားစုပေါင်းဂိတ်တပ်ကုန်း စခန်းကို KIA နှင့် မြစ်ကြီးနားပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ပူးပေါင်းပြီးယနေ့ည ၇:၂၀ နာရီအချိန်တွင် ရှောင်သခင်ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သတင်း
ရရှိသည်။


    KIA နှင့် PDF ပူးပေါင်းတပ်ဘက်မှ လက်နက်ကြီးများဖြင့် အချက် နှစ်ဆယ်ကျော်မျှ ပစ်ခတ်ပြီးနောက်  လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ရှိ ခဲ့သည်။
ည ၈ နာရီအချိန်တွင် အဆိုပါ ဗလမင်းထင် စုပေါင်းဂိတ် တပ်စခန်းကို KIA နှင့် PDF တို့ စီးနင်းနိုင်ခဲ့ပြီး တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ထိုသို့ KIA နှင့် PDF တို့ တပ်စခန်းကို မီးရှုခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ Helicopter 3 စီးဖြင့် လည့်ပတ်မှုပြုခဲ့ပြီး မပခ မှ တင့်ကား နှင့် စစ်ကားများဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာကြသည်ဟု သိရသည်။


    တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှု သတင်းကိုမူ အတည်ပြု နိုင်ခြင်းမရှိသေးပေ။
မိုင်းနားစုပေါင်းဂိတ် တပ်စခန်း တိုက်ခိုက်ခံရခြင်းကြောင့် ယခုအချိန်တွင် ဖာ့ကန့် ဂင်ဆီစစ်ကောင်စီတပ် နှင့် မိုးကောင်း ကျွန်းတော တံတားစောင့်တပ်တို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေကြကြောင်း သိရသည်။ ထို့အပြင်လိုင်ဇာ အနီးပတ်ဝန်းကျင် သို့လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းတမ်း ပစ်ခတ်မှု ရှိနေပါသည်။ 


    ကချင်ဒေသအတွင်း လှုပ်ရှားသော PDF များသည် သီးသန့် လှုပ်ရှားခြင်းမပြုပဲ KIA ရဲဘော်များနှင့်အတူ နေထိုင်ကာ စစ်လှုပ်ရှားမှုတိုင်းတွင်အတူ တကွ ပူးပေါင်းလှုပ်ရှားကြကြောင်း သိရသည်။

 

Photo : Internet

7Stars News



Post a Comment

0 Comments