မိုင်းနား စုပေါင်းဂိတ်ကို စီးနင်းခဲ့မှုကြောင့် ကချင်ပြည်နယ် တနံတလျားတွင် စစ်ကောင်စီ တပ်မှ လက်နက်ကြီးရမ်းတမ်းပစ်ခတ်နေ


    မြစ်ကြီးနား ဗလမင်းထင်တံတား မိုင်းနားစုပေါင်းဂိတ် စခန်းကို KIA နှင့် PDF တို့ ယနေ့ည ၈ နာရီအချိန်မှာ စီးနင်း မီးရှို့ ခဲ့ခြင်းကြောင့် အာဏာလုစစ်ကောင်စီတပ် တို့ဘက်မှ KIA ဌာနချုပ်လိုင်ဇာနှင့် မိုင်ဂျာယာန်အပြင် ​အခြားသော KIAတပ်စခန်းများသို့ လက်နက်ကြီးများ ရမ်းတမ်းပစ်ခတ်လျက်ရှိနေပါတယ်။
 
    KIA နှင့် PDF တို့က မိုင်းနားစုပေါင်းဂိတ် နဲ့ငွေကောက်ခံတဲ့ တိုးဂိတ်ကိုပါ မီးရှု ဖျက်ဆီးခဲ့တာပါ။
အဆိုပါ စုပေါင်းဂိတ် စီးနင်းခံရခြင်းကြောင့်KIA တပ်ရင်း ၁၉ တပ်စခန်း၊ KIA တပ်ရင်း ၃၀ တပ်စခန်း၊ တပ်ရင်း ၂၄ တပ်စခန်း၊ လိုင်ဇာအထက် အလန့်ဘွမ်၊ စင်းရိုးဘွမ်၊ မုန်လိုက်ခက်၊ပါဂျောင်လိုင်ဆင်ဘွမ်၊ ဖလပ်ဘွမ် အပြင် အခြားသော KIA ဌာန ချုပ်နှင့် နီးစပ်ရာဘက်ကိုစစ်ကောင်စီ တပ်တို့က လက်နက်ကြီးများ
ရမ်းတမ်း ပစ်ခတ်ခဲ့ကြောင်း သိရတယ်။
 
    ထို့အပြင် ကာမိုင်းဗျူဟာ၊ နမ့်ယားတပ်တံတားညီနောင် တို့မှလည်း စစ်ကောင်စီတပ်တို့ကလက်နက်ကြီး များပစ်ခတ်မှု ရှိခဲ့သလို မိုးကောင်း ကျွန်းတော တံတား နဲ့ ဂင်ဆီတို့မှလည်း လက်နက်ကြီးများရမ်းတမ်းပစ်ခတ်
ခဲ့ကြ ကြောင်းသိရတယ်။
 
Photo : Internet
 
7Stars News

Post a Comment

0 Comments