အမျိုးသားတစ်ဦး​ (၄)ရက်ကြာ​ပျောက်ဆုံးနေရာမှ သေဆုံးလျက်သား ပြန်လည်​တွေ့ရှိ

    


    ကွတ်ခိုင်မြို့နယ်၊ကွတ်ခိုင်မြို့၊ ရပ်ကွက် (၅)နေ အမျိုးသားတစ်ဦး (၄)ရက်ကြာပျောက်ဆုံးနေရာမှ ယနေ့ နံနက် ၁၀နာရီဝန်းကျင်အချိန် နမ့်ဟူး​ကျေးရွာအနီးတွင် အဆိုပါအမျိုးသား၏ ရုပ်အ​လောင်းအား နွား​ကျောင်း သားတစ်ဦး​က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
 

 
 
    နောက်ပြန် လက်ထိပ်ခက်လျက်၊ ဦး​ခေါင်းတွင် ​သေနက်ဒဏ်ရာဖြင့်​ သေဆုံးလျက်သားတွေ့ရှိရပြီး၎င်းစီးနင်း သွား​သော ဆိုင်ကယ်ကိုအ​လောင်းအနားတွင်သာ​တွေ့ရှိရပြီး။​သေဆုံးသူ၀တ်ဆင်ထား​သော ရုပ်အလောင်းပေါ် တွင် တွေ့ရှိရသော ပျောက်ကြားအင်ကျီနှင့် အနားရှိဦးထုပ်မှာ ၎င်း၏ အ၀တ်အစားများမဟုတ်​ကြောင်း မိသားစု ထံမှ အတည်ပြုသည်။
 

 
 
    ကျွင်း​ကျန်သောရုပ်ကလပ်အား ယခုသတင်း​ရေးသားချိန် ကွတ်ခိုင်မြို့ရငွခွဲရုံတွင်ထားရှိ​​ပြီး ၊ ယ​နေ့ည​နေ (၃) နာရီခန့်တွင်​ သဂြိုလ်မည်ဖြစ်​ကြောင်းသိရသည်။
 

 
 
 
Photo : Citizen Jounalist
 
7Stars News

Post a Comment

0 Comments